ဆေးဝါးအမယ်သစ် ခြောက်မျိုး သုတေသနပြု စမ်းသပ်အောင်မြင် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဆေးဝါးအမယ်သစ် ခြောက်မျိုး သုတေသနပြု စမ်းသပ်အောင်မြင်


နေပြည်တော်၊ သြဂုတ် ၂

မြန်မာ့ဆေးဝါးလုပ်ငန်း၏ သုတေသနပြု စမ်းသပ်ထုတ်လုပ်မည့် ဆေးဝါးအမယ်သစ် ခြောက်မျိုး သည် ဆီးချိုရောဂါ ကုသဆေး နှစ်မျိုး၊ ကိုယ်ခံအားကျဆင်းမှု ကူးစက်ရောဂါ (HIV) ကုသဆေး တစ်မျိုး၊ အရိုးအကြောအဆစ် ရောဂါကုသဆေး တစ်မျိုး၊ ကင်ဆာရောဂါ ကုသဆေးတစ်မျိုးနှင့် မေ့ဆေးတစ်မျိုးတို့ဖြစ်ကြောင်း၊ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုပေးအပ်နိုင် တော့မည်ဖြစ်ပြီး ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ၃၁-၇-၂၀၂၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ရှိ သုတေသနဌာန၌ ကျင်းပသည့် မြန်မာ့ဆေးဝါး လုပ်ငန်း၏ ဆေးဝါးအမယ်သစ် ခြောက်မျိုး သုတေသနပြုစမ်းသပ် အောင်မြင်ခြင်း အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ သည်။

မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဆေးဝါးအမယ်သစ် ခြောက်မျိုး သုတေသနပြု စမ်းသပ်အောင်မြင်ခြင်းအခမ်းအနားကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး သုတေသနဌာန အထွေထွေမန်နေဂျာက ဆေးဝါးအသစ်များ သုတေသနပြုဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြ၍ တက်ရောက်လာကြသူများက သုတေသနဌာနအတွင်း ခင်းကျင်းပြသထားသည့် ဆေးအမယ်သစ်များနှင့် ဆေးအမယ်သစ်များ ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ သည်။

မွန်းလွဲပိုင်းတွင် MSME များ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာ လွှဲပြောင်းပေးမှု အပါအဝင် ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် သည့် ကိစ္စရပ်များဆိုင်ရာ ဆွေးနွေးပွဲကို ရုံးအမှတ် (၃၀)အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ စက်မှုနှင့် အသေး စား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)