ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမအသင်းများ စနစ်တကျဖြစ်ရန်နှင့် စနစ်တကျပြုပြင်ပြောင်းလဲရန် မှာကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သမဝါယမအသင်းများ စနစ်တကျဖြစ်ရန်နှင့် စနစ်တကျပြုပြင်ပြောင်းလဲရန် မှာကြား












နေပြည်တော်၊ ဩဂုတ် ၂၂

 သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း သည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ ရန်ကုန်တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၌ သမဝါယမအသင်းသားများနှင့် တွေ့ဆုံခဲ့ကြာင်း သိရသည်။

 အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမအသင်းသားများနှင့် တွ့ဆုံရာ ဗဟိုသမဝါယမအသင်း ရန်ကုန်တိုင်းဒေသကြီးစုချုပ်နှင့် မြို့နယ်အသင်းများ က ကုန်ထုတ်လုပ်မှု့၊ ကုန်သွယ်မှု့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြ ကြပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေးတွင် စပါး၊ ဝါနှင့် ဆီထွက်သီးနှံ စိုက်ပျိုးမှု့ အခြေ အနေများ၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နေမှုများ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြပါသည်။

 ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဟာ စိုက်ပျိုးရေး၊ မွေးမြူ ရေးကို အခြေခံတဲ့နိုင်ငံဖြစ်ပြီး နိုင်ငံတော်သမ္မတကြီးမှ မိရိုးဖလာစိုက်ပျိုးရေးမှ စနစ်တကျ စိုက်ပျိုး ရေး၊ စက်မှုလယ်ယာစိုက်ပျိုးရေးသို့ ကူးပြောင်းဆောင်ရွက်ရန်လိုကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရရှိ အောင်ဆောင်ရွက်ရန် လမ်းညွှန်ထားကြောင်း၊ ဒါ့ကြောင့် သမဝါယမအသင်းများရဲ့ စိုက်ပျိုးရေး၊ မွေး မြူရေးတွင်ပါဝင်ဆောင်ရွက်နေမှု့သည် နိုင်ငံစားရေးရိက္ခာဖူလုံရေး၊ ပြည်ပတင်ပို့နိုင်ရေးအတွက် အလွန်အရေးကြီးပါကြောင်း၊ သီးနှံအထွက်နှုန်းတိုးစေရန်၊ ထုတ်လုပ်မှုစရိတ်သက်သာစေရန်နှင့် ဈေးကွက်ရရှိအောင် စနစ်တကျဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ လက်ရှိသမဝါယမအသင်းများရဲ့ ဆောင်ရွက်နေမှု့များကို ပြန်လည်သုံးသပ်ခြင်းများ၊ ပြုပြင်ပြောင်းလဲ ရန် လိုအပ်သည်များကို အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပြီး ဖော်ထုတ်ရရှိသည့် Outcome များကို အခြေခံ၍ ပိုမိုတိုးတက်ကောင်းမွန်အောင် နိုင်ငံတော်၏ မူဝါဒနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲ ရန် ကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း၊ စနစ်တကျ ဥပဒေ၊ နည်းဥပဒေ များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ သမဝါယမအသင်းများအနေဖြင့် တောင်သူများ ကို တစ်ဦးတစ်ယောက်ချင်း ‌ဆောင်ရွက်နေသည်မှ အစုအဖွဲ့စနစ်၊ တစ်ဆက်တစ်စပ်တည်း စုပေါင်းစိုက်ပျိုးခြင်းများ၊ စုပေါင်းမွေးမြူခြင်းများကို စနစ်တကျ ဆောင်ရွက်နိုင်ရေး စည်းရုံးဆွေးနွေး ပြီး တောင်သူများ၏ လိုအပ်သည့် မျိုး၊ သွင်းအားစုနှင့် အရင်းအနှီးများရရှိစေရေး၊ ထွန်ယက်စိုက်ပျိုး ခြင်း၊ ရိတ်သိမ်းခြင်းဆိုင်ရာ စက်ကရိယာများအသုံးပြုနိုင်ရေး၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှု‌‌ပေးရန်လိုအပ်ကြောင်း၊ လိုအပ် သည်များကို မိမိတို့ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းကူညီပံ့ ပိုးဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ အသင်းအဖွဲ့စုဖွဲ့မှုတွင် HR အ‌ရေးကြီးကြောင်း၊ အသင်းအမှု့ ဆောင်များ၊ အသင်းသားများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး အစီအစဉ်များကိုလည်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံစီးပွါးမြှင့်တင်ရေးကဏ္ဍတွင် အဓိက မောင်းနှင်အားဖြစ်စေရေး ခိုင်မာအင်အားကောင်းသည့် စံပြသမဝါယမအသင်းများဖြစ်အောင်  စီမံကိန်းများ၏ စာရင်းဇယားအချက်အလက်များ မှန်ကန်စေရေး Data Base တည်ဆောက်နိုင်ရေး M&Eစနစ် ထူထောင်ပြီး ကြီးကြပ်နိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ တာဝန်ရှိသူများနှင့် အသင်းသားများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)