ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများအား ပြည်တွင်းအလုပ်အကိုင် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများအား ပြည်တွင်းအလုပ်အကိုင် ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိ


နေပြည်တော်၊ ဩဂုတ် ၈

ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများအနက် ပြည်တွင်းအလုပ်အကိုင် ပြန်လည်နေရာချထားမှုခံယူလိုသူ၊ နိုင်ငံ့ဝန်ထမ်းလုပ်ကိုင်လိုသူ သုံးဦးနှင့် ပုဂ္ဂလိကလုပ်ငန်း လုပ်ကိုင်လိုသူငါးဦးတို့ကို အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြည်သူ့စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် ပြည်တွင်းအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေး လုပ်ငန်းကော်မတီ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေးအတွက် ပြည်တွင်းအလုပ်အကိုင် ခန့်အပ်ပေးနိုင်ရေးလုပ်ငန်းကော်မတီ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အလုပ်သမားဝန်ကြီးဌာန အစည်းအ‌ဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်း၊ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်မှု၊ စစ်မှုထမ်းတာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုများနှင့် လုပ်ငန်းအတွေ့အကြုံများအရ သင့်လျော်သည့် အလုပ်အကိုင်များရရှိစေရေး ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများအနေဖြင့် ပြည်သူ့စစ်မှုထမ်းများမှ ဆန္ဒပြုသည့်ဌာန၊ လုပ်ငန်းများ၏ HR များနှင့် ချိတ်ဆက်၍ အလုပ်အကိုင်ရရှိစေရေးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး တက်ရောက်လာသည့် ကော်မတီဝင်များ၏ ဆွေးနွေးတင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)