တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပ


မော်လမြိုင်၊ ဩဂုတ် ၁၃

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယမန်နေ့ နံနက်(၁၀) နာရီအချိန်က မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမ၌ အစီအစဉ် (၁၂) ရပ်ဖြင့်ကျင်းပရာ အစည်းအဝေးသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်ခဲ့သည်။

ဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (‌တတိယ) နေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးရေ (၃၁) ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို့ (၃၀) ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၆ ဒသမ ၇၇ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်ခဲ့သည်။

အဆိုပါ ပုံမှန်အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှမေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း (၆) ခုကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများက ပြန်လည်ဖြေကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ လွှတ်တော်ရေးရာ ကော်မတီများအထောက်အကူပြုအကြံပေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်းနှင့်ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏အမည်စာရင်းကိုတင်ပြပြီး ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီတွင် ပါဝင်သည့် အဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်အကျဉ်းများအားဖြန့်ဝေ၍ လွှတ်တော်ရေးရာကော်မတီများ အထောက်အကူပြုအကြံပေးကော်မတီတွင် ပါဝင်သင့်သည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏အမည်စာရင်းနှင့် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့၏ အမည်စာရင်းနှင့် ကော်မတီ၏တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းသတ်မှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့သည်။

ယင်းနောက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်သွင်းထားသော လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခြင်းနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ သက်ဆိုင်ရာဝန်ကြီးမှ ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ မွန်ပြည်နယ် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုစာရင်းနှင့် ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်းနှင့်စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မွန်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယ) နေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေး (စတုတ္ထ) နေ့ကို ဩဂုတ်လ (၁၃) ရက် နံနက် (၁၀) နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။


စည်သူ

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)