သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် တစ်ကိုယ်ရေကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် တစ်ကိုယ်ရေကျန်းမာရေး အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်


လေးမျက်နှာ၊ ဩဂုတ် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှလေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် တစ်ကိုယ်ရေကျန်းမာရေး အသုံးအဆောင်ပစ္စည်းများကို ယနေ့နံနက်ပိုင်းကလေးမျက်နှာမြို့နယ်၊ စာရေးကွင်းအုပ်စု၊ စာရေးကွင်း ကျေးရွာဓမ္မာရုံ ရေဘေးကယ်ဆယ်ရေးစခန်း၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ကူညီထောက်ပံ့သော တစ်ကိုယ်ရေကျန်းမာရေးအသုံးအဆောင်ပစ္စည်း ၁၁ မျိုးပါဝင်သော စက္ကူပုံး(Hygiene Kit) ၅၀၀ ပုံးအား လေးမျက်နှာကျေးလက်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့်ဝန်ထမ်းများကပေးအပ်ရာ ရေဘေးကယ်ဆယ်ရေးစခန်းတာဝန်ရှိသူများ၊  ဟင်္သာတမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းချိုနှင့် လေးမျက်နှာမြို့နယ်တိုင်း‌ဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်းတို့မှ လက်ခံရယူခဲ့ကြပြီး အဆိုပါ ထောက်ပံ့ပစ္စည်းပုံးများအား အရေးပေါ်လိုအပ်သည့်နေရာများသို့ ဆက်လက်ဖြန့်ခွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)