မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးတွင် မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကျင်းပမည်



အောင်မြေသာစံ၊ ဩဂုတ် ၁၃

မန္တလေးမြို့တွင် Taste of the Golden Land 2026 မြန်မာ့ရိုးရာအစားအစာပြိုင်ပွဲနှင့် ပြပွဲကို ဩဂုတ် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် Myanmar Convention Center (MCC) ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပွဲကို မြန်မာနိုင်ငံဟိုတယ်နှင့်ခရီးသွားလာရေးအသင်းက ကြီးမှူးပြီး မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက အကောင်အထည်ဖော် ကျင်းပခြင်းဖြစ်ပြီး မြန်မာ့အစားအစာများကို နိုင်ငံတကာအဆင့် တည်ခင်းဧည့်ခံမှုပုံစံများဖြင့် မိတ်ဆက်နိုင်ရန် ရည်ရွယ်ထားသည်။

ပြပွဲတွင် ပြခန်းပေါင်း ၁၃၅ ခန်း ပါဝင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝန်းရှိ ဒေသအစားအစာများနှင့် တရုတ်အစားအစာအချို့ကို ပြသရောင်းချသွားမည်ဖြစ်သည်။

အစားအစာပြိုင်ပွဲတွင် မန္တလေးမြို့ရှိ စားသောက်ဆိုင် ရှစ်ဆိုင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဒုတိယနေ့တွင် ဇုန်အသီးသီးမှ ရိုးရာအစားအစာများကို ချက်ပြုတ်၊ ပြင်ဆင်၊ ပြသ၊ ရောင်းချခြင်းနှင့် နမူနာမြည်းစမ်းနိုင်ရန် စီစဉ်ထားသည်။

ဖွင့်ပွဲကို ဩဂုတ် ၂၂ ရက် နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ပြီး အများပြည်သူများအနေဖြင့် နေ့လယ် ၁၂ နာရီနောက်ပိုင်းနှင့် ဩဂုတ်လ ၂၃ ရက်တို့တွင် လာရောက်လည်ပတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။


မြင့်မော်ထွန်း

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)