ငါးသိုင်းချောင်းမြို့ရှိ ရပ်ကွက်(၄)ခု၊ ကျေးရွာ(၄)ရွာနှင့် လယ်မြေများအတွင်းသို့ ရေများဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါးသိုင်းချောင်းမြို့ရှိ ရပ်ကွက်(၄)ခု၊ ကျေးရွာ(၄)ရွာနှင့် လယ်မြေများအတွင်းသို့ ရေများဝင်ရောက်


ငါးသိုင်းချောင်း၊ ဩဂုတ် ၁၇

လေးမျက်နှာမြို့နယ် ငဝန်ရေကာတာ တာမိုင်၂၅/၃ အနီးတွင် ငဝန်ရေကာတာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ တူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှုဖြစ်ပွားပြီး ရေကျော်စီးဝင်ခြင်းဖြစ်ပွားခဲ့ခြင်းကြောင့် လေးမျက်နှာမြို့နှင့် အနီးဆုံးဖြစ်သည့် ငါးသိုင်းချောင်းမြို့၌ ယမန်နေ့အထိ ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာ(၄)ရွာရှိ လယ်မြေများအတွင်းသို့ ရေများဝင်ရောက်လျက်ရှိပြီး ယာယီရေရှောင်စခန်းများမှတစ်ဆင့် ဘေးလွတ်ရာ ကျောင်းများသို့ ဆက်လက်ရွှေ့ပြောင်း နေထိုင်လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့၌ လေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းကားလမ်း (၆) နေရာ၌ မိုင်တိုင်  ၁၆/၆ နှင့် ၁၆/၇ နေရာများတွင် လမ်းမပေါ်တွင် ရေအနက် ၅ ပေနှင့် အောင်ဇေယျလမ်းနှင့် ဘုရားလမ်းမှ (၂) နေရာတွင် ကားလမ်းမပေါ်၌ ရေအနက် ၄ ပေရေကျော် ဝင်ရောက်လျက်ရှိကာ ရွှေဘိုရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ငဝန်ရပ်ကွက်နှင့် အောင်ဆန်းရပ်ကွက်များရှိ အိမ်ထောင်စု (၈၆၇)စု၊ လူဦးရေ(၂၉၃၂)ဦး၊ မအူကုန်၊ ကျုံတာ၊ဒေါင့်ကြီးနှင့် တာကြီးကျေးရွာတို့မှ အိမ်ထောင်စု (၁၃၀)စု၊ လူဦးရေ(၄၉၁)ဦး၊ စုစုပေါင်း အိမ်ခြေ( ၉၉၇)နှင့်လူဦးရေ (၃၄၂၃) ဦးတို့အား ရေရှောင် စခန်းများသို့ ပြောင်းရွေ့နေထိုင်လျက်ရှိကြောင်းနှင့် ရေဝင်ရောက်မှုကြောင့် ကျေးရွာ အုပ်စု(၅) အုပ်စုမှ လယ်ဧက (၂၇၈၉) ဧကအတွင်းသို့ ရေဝင်ရောက်လျက်ရှိသည်။ ယနေ့နံနက် ငါးသိုင်းချောင်းမြို့ ငဝန်မြစ်ရေ၏ လက်ရှိရေအမှတ်မှာ စိုးရိမ်ရေအမှတ်ထက် ၅ လက်မကျော်လွန်ကာ၊ မြို့ပေါ်ရှိကျောင်းများအားလုံး ယာယီခေတ္တပိတ်ထားပြီး အစိုးရရုံး(၈)ရုံးအတွင်းသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)