ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက်များမှ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်





ပုသိမ်၊ ဩဂုတ် ၂၉

ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ လေးမျက်နှာမြို့ပေါ်ရှိ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၁)ရပ်ကွက်ရှိ ရေဘေးသင့်ပြည်သူများကို အားပေးစကားများ ပြောကြားခဲ့ပြီး ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့၊ အမှတ်(၄)ရပ်ကွက်၊ နဝင်းကျောင်းတိုက်သို့ သွားရောက်၍  ရေဘေးသင့်ပြည်သူများနှင့် တွေ့ဆုံခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “မြစ်ဝကျွန်းပေါ်ဒေသသည် သဘာဝဘေးကို နှစ်စဉ်ကြုံတွေ့ နေရပါကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ တာတမံများကြံ့ခိုင်ရေးအတွက် မိုးကုန်ကာလများတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊  ရေပြန်လည်ကျဆင်းပါက ရေဘေးသင့်ပြည်သူများ အနေဖြင့်  စိုက်ပျိုးသီးနှံများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် စက်ယန္တရားများ အသင့်စုဖွဲ့ထားရှိပါကြောင်းနှင့် လိုအပ်သည့် မျိုးစေ့၊ သွင်းအားစုများကိုလည်း အသင့်စုဆောင်း ထားရှိပြီးဖြစ်ပါကြောင်း၊  ရေကျဆင်းပြီးနောက် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြန်လည်ပြုပြင် နိုင်ရေး၊ ပြည်သူများ၏ နေထိုင်စားသောက်ရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပုံမှန် ပြန်လည်လည်ပတ်နိုင်ရေးတို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့အပြင် သက်ဆိုင်ရာဌာနများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း” အားပေးစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က အားပေးစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက မြွေအန္တရာယ်၊ ဝမ်းပျက်ဝမ်းလျှောရောဂါဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက် ပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လေးမျက်နှာမြို့၊ အမှတ်(၁)ရပ်ကွက် ပြည်ငြိမ်းအေးကျောင်းတိုက်သို့သွားရောက်၍ ရေဘေးသင့်ပြည်သူများနှင့်ပြည်သူများနှင့် တွေ့ဆုံအားပေးစကား‌များ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက ကျန်းမာရေးဆိုင်ရာအသိပညာများ ဟောပြောခဲ့ကာ ရေဘေးသင့်ပြည်သူများကို ဆန်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့အပြင် ဩဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း တိုင်းဒေသကြီးအတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် ဟင်္သာတမြို့၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီး ဌာန၊ ဧည့်ရိပ်သာတွင် အလှူငွေများကို လှူဒါန်းရာ ဦးသိန်းအောင် (ဝန်ကြီးချုပ်-ငြိမ်း) + ဒေါ်ခင်ဋ္ဌေးမြင့် မိသားစုက အလှူငွေကျပ် သိန်းနှစ်ရာကိုလည်းကောင်း၊ ဦးရန်ဝင်း၊ A1 ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်က အလှူငွေ ကျပ်သိန်းသုံးရာကိုလည်းကောင်း၊ ဦးဇော်ဝင်းရှိန်၊ ဧရာဟင်္သာကုမ္ပဏီလီမိတက်က အလှူငွေကျပ် သိန်းသုံးရာကိုလည်းကောင်း အသီးသီးလာရောက်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)