စပိန်ပိုင်နက်ထဲကို ပြေးဝင်လာတဲ့ ရွှေ့ပြောင်းတွေရဲ့ ကလေးတွေ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ခံနေရ - Myanmar National Post

Myanmar National Post

News Agency

Breaking

စပိန်ပိုင်နက်ထဲကို ပြေးဝင်လာတဲ့ ရွှေ့ပြောင်းတွေရဲ့ ကလေးတွေ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ ခံနေရ


ဩဂုတ် - ၁၁ (အင်္ဂါနေ့ ) 

အာဖရိကတိုက်ဘက်အခြမ်းက စပိန်ပိုင်နယ်မြေဖြစ်တဲ့ ဆယုတာမြို့မှာ ဒုက္ခသည်တွေ ရုတ်တရက် အများအပြား ဝင်ရောက်လာတာကြောင့် လက်ခံရေးစခန်းတွေ ပြည့်လျှံသွားပြီး အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ လမ်းပေါ်မှာ အိပ်စက်ခဲ့ရပါတယ်။ ဒီအခြေအနေအတွင်းမှာ အသက် ၁၄ နှစ်အောက် မိန်းကလေး အနည်းဆုံး ၄ ဦးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတယ်ဆိုတဲ့ သံသယနဲ့ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ယူရိုနယူးစ် သတင်းမှာ ဖော်ပြထားပါတယ်။

အဆိုပါ နစ်နာသူ ကလေးငယ်တွေဟာ ဇူလိုင်လနှောင်းပိုင်းတုန်းက စံချိန်တင် ရောက်ရှိလာခဲ့တဲ့ ဒုက္ခသည် လှိုင်းနဲ့အတူ  ဆယုတာမြို့ထဲကို ဝင်ရောက်လာခဲ့ကြတဲ့ မော်ရိုကိုနိုင်ငံသား အသက်မပြည့်သေးသူ ကလေးတွေဖြစ်တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့အပြောကို ကိုးကားပြီး တနင်္ဂနွေနေ့က ဖော်ပြခဲ့တာပါ။

စော်ကားခံရသူတွေထဲမှာ ယောက်ျားလေးတစ်ဦးလည်း ပါဝင်တယ်လို့ ယူဆရပြီး၊ သတင်းမပို့ဘဲ ကျန်ရစ်ခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိနိုင်တာကြောင့် အမှန်တကယ် စော်ကားခံရသူ အရေအတွက်ဟာ ဒီထက်မက ပိုများနိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ သတင်းမြစ်တွေက သတိပေးထားပါတယ်။ အခုအချိန်အထိ ဆယုတာ တက္ကသိုလ် ဆေးရုံမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ဒဏ်ရာတွေနဲ့ ကုသမှုခံယူခဲ့ရသူ စုစုပေါင်း ၁၂ ဦးထက်မက ရှိနေပြီဖြစ်ပါတယ်။

ဆေးရုံရဲ့ အရေးပေါ်နဲ့ ရုတ်တရက် ထိခိုက်ဒဏ်ရာဌာန ဆရာဝန် ဆူဇန်နာ အက်စ်ကာဆို က အသက်မပြည့်သေးတဲ့ ရွှေ့ပြောင်းကလေးငယ်တွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတယ်လို့ သံသယရှိတဲ့ ဖြစ်စဉ်တော်တော်များများကို သူ့ဌာနက ကုသပေးခဲ့ရတယ်လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ လက်ခံရေးစခန်းတွေ ပြည့်နေတာကြောင့် လမ်းပေါ်မှာ အိပ်စက်နေထိုင်ခဲ့ရတဲ့ အသက် ၁၄ နှစ်အောက် မိန်းကလေးအများစု ဒီလိုဖြစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရတာလို့လည်း ၎င်းက ဆိုပါတယ်။

ဆရာဝန် အက်စ်ကာဆို က "လက်မခံချင်လို့ မဟုတ်ပါဘူး၊ သူတို့ကို ထားဖို့ နေရာ လုံးဝမရှိတော့လို့ပါ" လို့ ပြောပါတယ်။ ဒါ့အပြင် အခြေအနေအရပ်ရပ်ဟာ "ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်ကြီး" ဖြစ်နေပြီလို့ တင်စားပြောဆိုခဲ့ပြီး၊ ဝန်နဲ့အား မမျှဖြစ်နေတဲ့ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေအနေနဲ့ အသစ်ရောက်လာသူတွေကို ရောဂါရှိမရှိ စစ်ဆေးပေးနိုင်စွမ်း မရှိသလောက် ဖြစ်နေပြီလို့လည်း သတိပေးခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာ အသက်မပြည့်သေးသူ ကလေးငယ်တွေ မုဒိမ်းကျင့်ခံရမှု အနည်းဆုံး ၅ မှုထက်မကကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ နစ်နာသူတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှု ဒဏ်ရာများနှင့် ကိုက်ညီနေတယ်လို့ ဆိုပါတယ်။ အခုချိန်ထိတော့ ဘာဖမ်းဆီးမှုမှ မလုပ်ရသေးသလို၊ သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကလည်း ဒီဖြစ်စဉ်တွေ ဘယ်လိုဖြစ်ပွားခဲ့သလဲဆိုတဲ့ အသေးစိတ် အခြေအနေတွေကို ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)