အိန္ဒိယနဲ့ တရုတ်တို့ ဟိမဝန္တာ နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယနဲ့ တရုတ်တို့ ဟိမဝန္တာ နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်ကြပြီ


ဩဂုတ် - ၄ ( အင်္ဂါနေ့ ) 

အာရှအင်အားကြီး နှစ်နိုင်ငံအကြား ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်လာတာနဲ့အမျှ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြား ဟိမဝန္တာ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးဟာ ၆ နှစ်ကြာ ရပ်တန့်ခဲ့ရပြီးနောက် စနေနေ့က ပြန်လည် စတင်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၏ တိဘက်ဒေသနဲ့ အိန္ဒိယ၏ ဟိမဝန္တာဒေသခံတွေအကြား ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ဒီဟိမဝန္တာ နယ်စပ်ကုန်သွယ်ရေးဟာ ၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားချိန်မှာ စတင်ရပ်တန့်ခဲ့တာပါ။ ထို့နောက် ၂၀၂၀ ပြည့်နှစ်အတွင်း အရှေ့ပိုင်း လာဒတ်ခ်  ဒေသ၊ ဂယ်လ်ဝမ် မှာ ဖြစ်ပွားခဲ့တဲ့ နယ်စပ်ပဋိပက္ခကြောင့် အိန္ဒိယစစ်သည် ၂၀ ဦးနဲ့ တရုတ်စစ်သည် အနည်းဆုံး ၄ ဦး သေဆုံးခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး အေးစက်သွားကာ အဆိုပါ ကုန်သွယ်ရေးလည်း ဆက်လက် ရပ်ဆိုင်းခဲ့ရပါတယ်။

ဒေသခံ ကုန်သည်တွေ ဦးဆောင်ပြီး ရှေးရိုးရာ လမ်းကြောင်းတွေကို အသုံးပြုကာ ပြန်လည်စတင်လိုက်တဲ့ ဒီကုန်သွယ်ရေးဟာ ဟိမဝန္တာ နယ်စပ်ဒေသအသီးသီးက စီးပွားရေးနဲ့ အလှမ်းဝေးတဲ့ ဒေသခံလူထုကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

လူမှုကွန်ရက် မီဒီယာတစ်ခုဖြစ်တဲ့ အိတ်စ် ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေအရ နှစ်နိုင်ငံ တာဝန်ရှိသူတွေဟာ ရှိပကီ လာ ၊ လီပူလက်ခ်  နဲ့ နာသူလာ တောင်ကြားလမ်းတွေမှာ အပြန်အလှန် နှုတ်ဆက်ကြိုဆိုခဲ့ကြပြီး ဒေသခံ ကုန်သည် အုပ်စုငယ်လေးတွေကို တစ်ဖက်နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပြုခဲ့တယ်လို့ သိရပါတယ်။

ဆစ်ကင်း  ပြည်နယ်မှာရှိတဲ့ နာသူလာ  တောင်ကြားလမ်းဟာ အာရှနဲ့ ဥရောပကို ဆက်သွယ်ပေးခဲ့တဲ့ ရှေးဟောင်း ကုန်သွယ်ရေး လမ်းကြောင်းကွန်ရက်တစ်ခုဖြစ်တဲ့ ပိုးလမ်းမ ရဲ့ လမ်းခွဲတစ်ခုပေါ်မှာ တည်ရှိပြီး အမြင့်မီတာ ၄,၃၀၀ မှာ တည်ရှိပါတယ်။

နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မသွားမီက အဆိုပါ မြင့်မားသော တောင်ကြားလမ်းများကို ဖြတ်သန်းသည့် ကုန်သွယ်မှုကို နေ့စဉ် ပမာဏ အကန့်အသတ်များဖြင့် စနစ်တကျ ပြုလုပ်ခဲ့ကြပြီး ဟင်းခတ်အမွှေးအကြိုင်၊ လက်ဖက်ခြောက်နှင့် ပိုးထည် ကဲ့သို့သော ဒေသထွက် ပစ္စည်းအချို့ကိုသာ သီးသန့် ကုန်သွယ်ခွင့် ပြုခဲ့ကြတာ ဖြစ်ပါတယ်။


REF: RT

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)