ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေမြင့်တက်လာ စိုးရိမ်ရေအမှတ်သို့ရောက်ရန် ၄ လက်မသာလို - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းကုန်းမြို့၌ ဒါးကမြစ်ရေမြင့်တက်လာ စိုးရိမ်ရေအမှတ်သို့ရောက်ရန် ၄ လက်မသာလို




ကျောင်းကုန်း၊ ဩဂုတ်   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း‌နေမှုကြောင့် ဒါးကမြစ်ရေမြင့်တက်လာခဲ့ရာ ၁၆ ပေ ၈ လက်မသို့ ရောက်ရှိနေပြီး ယနေ့မှစ၍ စာသင်ကျောင်း (၂) ကျောင်း ယာယီပိတ်ထားရသည်။

သဲကုန်အုပ်စု၊ အ.မ.က(သဲကုန်)နှင့် အ မှတ်(၃)ရပ်ကွက်၊ အ.လ.က(ခွဲ)တလုပ်ကုန်းကျောင်းများဖြစ်ပြီး အမှတ်(၁)ရပ်ကွက်မှအိမ်ခြေများ ထပ်မံနစ်မြုပ်ခဲ့သဖြင့် ဥယျာဉ်ကြီးးကျောင်း၊ ရတနာပုံရိပ်သာကျောင်း၊ ဆုတောင်းပြည့်ကျောင်းနှင့် လျော်ဂိုဒေါင်များသို့ ‌ပြောင်းရွှေ့ထားရ ပြီး ကျောင်းကုန်းမြို့နယ်အတွင်း စုစုပေါင်းအိမ်ထောင်စု (၉၅)စုမှ လူဦးရေ(၃၈၀)ဦးတို့ ပြောင်းရွှေ့နေထိုင်ကြကြောင်း ထွေ/အုပ်ရုံးမှ သိရသည်။


ဝင်းကြိုင်

Myanmar National Post


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)