ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၉,၅၉၃.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ချမ်းအေးသာစံမြို့နယ်နှင့် ချမ်းမြသာစည်မြို့နယ်တို့တွင် ငွေကျပ် ၉,၅၉၃.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ




နေပြည်တော်၊ ဩဂုတ် ၂၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ဩဂုတ်လ ၁၉ ရက်နေ့ ၁၀၁၅ အချိန် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ၅၆ လမ်း၊ ၃၀ x ၃၁ လမ်းကြားတွင် စိုးအောင်နိုင်၊ မစန်းစန်းဝင်း(ခ)စန်းသော်တာ တို့အား TOYOTA COROLLA အမျိုးအစား မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင်ကယ် ၁ စီးတို့နှင့်အတူ တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ TOYOTA COROLLA မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူ အလေးချိန် ၁.၂၁ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၄၂၃.၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်ဖော်ထုတ်ချက်အရ ၁၀၅၅ အချိန် မြထူး အား ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်တွင် ဘိန်းဆီခဲ အလေးချိန် ၂.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၇၅ သိန်း)၊ မော်တော်ဆိုင်ကယ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား လည်းကောင်း၊ ၁၇၀၀ အချိန် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် အီညားရှို့ နှင့် အန်တောမြို့ တို့အား ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်ရှိ တည်းခိုခန်းတွင် TOYOTA HILUX SURF ၁ စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား လည်းကောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ ဩဂုတ်လ ၂၀ ရက်နေ့ ၁၁၀၀ အချိန် ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်ရှိ နေအိမ်အတွင်းမှ ဘိန်းဖြူ အလေးချိန် ၁၁ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၇၅၀)၊ စိတ်ကြွဆေးပြား ၃၆၆,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၅,၄၉၀)၊ ဘိန်းစိမ်း အလေးချိန် ၄၈ ကီလို(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၄၈၀)နှင့် ဘိန်းဆီခဲ အလေးချိန် ၁၂.၅ ကီလို(ဒေသကာလတန်ဖိုးငွေကျပ် ၃၇၅ သိန်း)တို့အား ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် စိုးအောင်နိုင်(၄၀)နှစ်၊ မစန်းစန်းဝင်း(ခ)စန်းသော်တာ(၄၅)နှစ်၊ မြထူး(၃၀)နှစ်၊ အီညားရှို့(၃၉)နှစ် နှင့် အန်တောမြို့(၂၉)နှစ်တို့အား သက်ဆိုင်ရာရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)