ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၈၃၈၂) ဦးအား ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားရှိပြီးဖြစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငဝန်ရေကာတာကျိုးပေါက်မှုကြောင့် လူဦးရေ (၈၃၈၂) ဦးအား ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားရှိပြီးဖြစ်







ပုသိမ်၊ ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ သခွတ်ချောင်းကျေးရွာအုပ်စု ဂျမ်းကုန်းကျေးရွာအနီးရှိ ငဝန်ရေကာတာ တာမိုင် ၂၅/၃တွင် တာကျိုးပေါက်မှုကြောင့် လေးမျက်နှာမြို့ပေါ်ရှိ ရပ်ကွက်(၅)ခု၊ ကျေးရွာအုပ်စု(၅)အုပ်စုမှ အိမ်ခြေ ၁၇၃၄ ခု၊ အိမ်ထောင်စု ၁၇၆၄ စုမှ လူဦးရေ ၈၃၈၂ ဦးအား ရေလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထားရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်ဆောင်ရွက်၍ သောက်သုံးရေ၊ ဆန်ရိက္ခာ၊ စားသောက်ကုန်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေပေးခြင်းများကို ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းများ၊ စေတနာရှင်အလှူရှင်များက ရေဘေးသင့်ပြည်သူများ လက်ဝယ်အရောက် လှူဒါန်းဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။

ယင်းတာကျိုး‌ပေါက်နေရာ ကမ်းရင်းတာ(တာဟောင်း) ၃၀ ပေရှိ ရေဝင်ပေါက်ကို တုတ်ရိုက်ပိတ်ဆို့ခြင်းလုပ်ငန်းဆောင်ရွက်ပြီး၍  ၁၂၀ ပေရှိ ရေဝင်ပေါက်တွင် ဘေးနှစ်ဖက်မှ မျောတုတ်ရိုက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်းသိရကာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရေဝင်ပေါက်အလယ်ရှိ အနက်ပေ ၂၀ ခန့်ရှိ ရေစီးကြောင်းအား အလျား ၅၅ ပေရှိ စက်လှေအဟောင်း သုံးစီးကို သဲဖြည့်ရေမြှုပ်အသုံးပြု၍ ရေစီးကြောင်း တားဆီးသွားမည့် အစီအစဉ်နှင့် ယင်းလုပ်ငန်း အောင်မြင်ပြီး ရေရှိန်လျော့နည်းလာပါက Geo Bag သဲအိတ်များဖြင့် တာပိတ်ဆို့သွားမည့် အစီအစဉ်များကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေရှိန်လျော့ချပြီး တာပိတ်ဖို့ ဆောင်ရွက်ခြင်းလုပ်ငန်းအား အမြန်ဆုံးပြီးစီးရေးအတွက် လူအင်အား၊ စက်အင်အားဖြင့် အင်တိုက်အားတိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကာ ရေစီးကြောင်း ပိတ်ဖို့ဆောင်ရွက်နိုင်ရေးအတွက် သဲအိတ်များအား သဲဖြည့်ဆောင်ရွက်နေကြသည့် နယ်‌မြေခံတပ်ရင်းတပ်ဖွဲ့များအား အားပေးစကားများပြောကြားခဲ့ပြီး ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။


လှမင်းထွဋ်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)