စစ်တွေ၊ ဩဂုတ် ၂၈
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါတွင်းကာလ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ဆွမ်းဆန်တော်များ လောင်းလှူပွဲကို ယမန်နေ့က စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။
ဦးစွာ ဆွမ်းဆန်တော်များ လောင်းလှူပွဲသို့ တက်ရောက်လာကြသူများက လောကာနန္ဒာစေတီတော်မြတ်ကြီး လိုဏ်ဂူတော်အတွင်းရှိ ဗုဒ္ဓဆင်းတုတော်များအားဖူးမြော်ကြည်ညိုကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြသည်။
ထို့နောက် ပြည်နယ်လွှတ်တော်၊ ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်ဇနီးများက ကြွရောက်တော်မူကြသောထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်များနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။ ယင်းနောက် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊မြို့ဖများ၊ စေတနာရှင်အလှူရှင်များကလည်း ကြွရောက်တော်မူကြသော ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေးများအား ဆွမ်းဆန်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။
အဆိုပါ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများလောင်းလှူပွဲသို့ စစ်တွေမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီး၊ ဆရာလေး ၂၅၀ ကျော်တို့ ကြွရောက်ကြပြီး ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊မြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ စေတနာရှင်အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်လောင်းလှူခဲ့ကြကြောင်း သိရသည်။
တင်ထွန်း၊ ဓာတ်ပုံ - ဝင်းမင်းစိုး
#News #Myanmar


No comments:
Post a Comment