လမ်းဘေးရေကန်တွင် ရေဆင်းကူးစဉ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

လမ်းဘေးရေကန်တွင် ရေဆင်းကူးစဉ် ကျောင်းသားတစ်ဦး ရေနစ်သေဆုံး



ရန်ကုန်၊ သြဂုတ် ၂၅

ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းသွယ်ကံဘောင်ရှိ ရေကံတွင် ယနေ့ နေ့လယ်ပိုင်းက ရေဆင်းကူးစဉ် (G-5)ကျောင်းသားတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၅.၈.၂၀၂၆ရက်နေ့ ၁၁:၃၀အချိန်တွင် ထန်းတပင်မြို့နယ်၊ ရခိုင်ရိုးကြီးကျေးရွာ၊ ဗိုလ်အောင်ကျော်လမ်းသွယ်ကံဘောင်ရှိ ရေကံတွင် မောင်ဉာဏ်မျိုးကို(ဘ)ဦးအောင်မျိုးလွင်၊ အသက်(၁၁)နှစ်၊ အထက(ခွဲ)ရခိုင်ရိုးကြီးကျောင်း (G-5)တွင် စာသင်ကြားနေသူသည် သူငယ်ချင်းဖြစ်သူ မောင်ဝေယံစိုး အသက်(၁၄)နှစ်(G-3)၊ မောင်ကောင်းဆက်ဟိန်း အသက်(၁၁)နှစ်(G-5)၊ မောင်တင်ကိုကို အသက်(၁၁)နှစ်(G-4)၊ မောင်မိုးယံခ အသက်(၁၁)နှစ်(G-4)၊ မောင်အောင်ဆန်းဝင်း အသက်(၁၁)နှစ်(G-5)၊ မောင်အောင်ဖြိုးထိုက် အသက်(၁၂)နှစ်(G-5)တို့နှင့် ကျောင်းသို့ ကျောင်းတက်ရန်လာစဉ် လမ်းဘေးရေကံတွင် ရေအတူဆင်းကူးစဉ် ရေနစ်နေသည် သိရှိ၍ သူငယ်ချင်းများမှဘေးပက်ဝန်းကျင်ရှိ လူများအားအကူအညီတောင်းသော်လည်း နောက်ကျ၍ သေဆုံးသွားကြောင်း သိရသည်။

၁၂:၄၅အချိန်တွင် ဝိုင်းဝန်ရှာဖွေမှုဖြင့် အလောင်းအားပြန်လည်တွေ့ရှိ၍ ရခိုင်ရိုးကြီး မာဃလုလင်ကလျာဏယုဝအသင်း နာရေးကားဖြင့် လှိုင်သာယာဆေးရုံသို့ပို့ပေးခဲ့ကြောင်း သိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)