ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်း ပေးအပ်


ကလော၊ ဩဂုတ် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ မြို့မပရိယတ္တိစာသင်တိုက်ဘုန်းတော်ကြီးကျောင်းတွင် ဩဂုတ်လ ၁၁ ရက်နေ့မွန်းလွဲ ၁ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကလောမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကလောခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးလှိုင်က ကလောချောင်းရေမြင့်တက်၍ ရပ်ကွက်များအတွင်း ချောင်းရေဝင်ရောက်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားခဲ့ပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီများအား အသက်ကယ်အင်္ကျီအစုံ (၅၀) စီနှင့် ရေဘေးသင့်ပြည်သူအိမ်ထောင်စု (၂၀) စု၊ လူဦးရေ ၇၆ ဦးတို့အတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ရေဘေးသင့်ပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးနှင့် ရပ်ကွက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)