ဖလမ်းမြို့အတွင်း ရုံးသုံးဆိုလာလျှပ်စစ်မီး တပ်ဆင်အသုံးပြုမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဖလမ်းမြို့အတွင်း ရုံးသုံးဆိုလာလျှပ်စစ်မီး တပ်ဆင်အသုံးပြုမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး


ဖလမ်း၊ ဩဂုတ် ၁၈

ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဖလမ်းခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရုံးလုပ်ငန်းဆောင်ရွက်ရန် ဦးစားပေးအလိုက် ဆိုလာလျှပ်စစ်မီးများ တပ်ဆင်ပေးလျက်ရှိကြောင်း၊ ဖလမ်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတွင် 6kv Watt ဆိုလာလျှပ်စစ်မီးတပ်ဆင်၍ ရုံးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

6kv Watt ဆိုလာလျှပ်စစ်မီးတပ်ဆင်ခြင်းဖြင့် ရုံးသုံး Com-puterနှင့် Printer ငါးစုံ၊ ၂၀ ဝပ် အားသုံးလျှပ်စစ်မီးလုံး ၂၀ အပါအဝင် အခြားလျှပ်စစ်ပစ္စည်း ၁၀၀၀ ဝပ် ပမာဏခန့် သုံးစွဲနိုင်မည်ဖြစ်ပြီး ထိုသို့ ရုံးသုံးဆိုလာလျှပ်စစ်မီးတပ်ဆင်အသုံးပြုမှုနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုများကို နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ မြို့တော်ခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း ၂၄၀ အား ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးသွားသည့် ခရိုင်သစ်တောဦးစီးဌာန ဦးစီးအရာရှိရုံး အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပြန်လည်ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းဆောင်များကို မူလပုံသဏ္ဌာန်မပျက် ထိန်းသိမ်းပြုပြင်ရန် မှာကြားသည်။

အလားတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးသည် တီးတိန်မြို့နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် တီးတိန်မြို့မရဲစခန်း စခန်းရုံးသစ်အဆောက်အအုံ၊ တီးတိန်မြို့ ခုတင် (၁၀၀) ဆံ့ ပြည်သူ့ဆေးရုံ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း စားရိပ်သာနှင့် သင်တန်းသူနှစ်ထပ်အိပ်ဆောင်၊ မြေထိန်းနံရံဆေးသုတ်ခြင်းလုပ်ငန်းနှင့် စည်ပင်သာယာရေးအဖွဲ့က တီးတိန်-ငင်နှုန်းသွားလမ်းတစ်လျှောက် သန့်ရှင်းရေးပြုလုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထို့ပြင် တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များသည် တစ်စိတ်တစ်ပိုင်းပျက်စီးသွားသည့် ဌာနဆိုင်ရာအဆောက်အအုံများဖြစ်သည့် ရုပ်သံထပ်ဆင့်လွှင့်ရုံနှစ်ခန်းတွဲဝန်ထမ်းအိမ်ရာ ပြုပြင်ခြင်း၊ လူငယ်သင်တန်းကျောင်း ကျောင်းသားအိပ်ဆောင်၊ စတိုဆောင်နှင့် ထမင်းစားဆောင်ပြုပြင်ခြင်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)