ငါးသိုင်းချောင်း၊ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် ယမာန်နေ့မွန်းလွဲပိုင်းက ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ စံကျောင်းဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး စံကျောင်းတိုက်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏိန္ဒအားဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက်စံကျောင်းဘုန်းကြီးကျောင်းအတွင်း TSBM လူမှုကူညီရေးအဖွဲ့(ရန်ကုန်)မှ ရေဘေးသင့်ပြည်သူများအား သောက်သုံးရေရရှိနိုင်ရန်အတွက် ရေသန့်စက် တပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုခဲ့ပြီးလိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားကာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#News #Myanmar


No comments:
Post a Comment