ဩဂုတ် - ၁၉ ( ဗုဒ္ဓဟူးနေ့ )
ဖိလစ်ပိုင်ဘက်က အဝယ်လိုက်နေလို့ မြန်မာ့ GW-11 ဆန်တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၈၀ အထိ စံချိန်တင် ဈေးရနေနေပါတယ်။ ဒါဟာ ထိုင်းဆန်တစ်တန်ကို ဒေါ်လာ ၄၈၀ ဝန်းကျင်ပဲ ရတဲ့အချိန်မှာ မြန်မာ့ဆန်က တော်တော်လေး ဈေးပိုရနေတာပါ။
ဒီလို ဈေးတက်လာရတဲ့ အဓိကအကြောင်းရင်းကတော့ ဖိလစ်ပိုင်နိုင်ငံက ဆန်တန်ချိန် ၅ သန်းအထိ ဝယ်ယူဖို့ ပြင်ဆင်နေပြီး မြန်မာ့ GW-11 ဆန်မျိုးကို မနားတမ်း ဆက်တိုက် မှာယူနေလို့ပါပဲ။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) အလုပ်အမှုဆောင် ဦးစိုင်းကျော် ကတော့ ဒီလို ထိုင်းနဲ့ ဗီယက်နမ်ဆန်တွေထက် ဈေးပိုရတာဟာ စက်ရုံတွေရဲ့ ကြိတ်ခွဲမှု နည်းပညာကြောင့် မဟုတ်ဘဲ GW-11 စပါးမျိုးရဲ့ မူလအရည်အသွေး ကောင်းမွန်လွန်းလို့ ဖြစ်တယ်လို့ ပြောပါတယ်။
GW-11 ဆန်ကို ၂၀၂၄ မှာ တရုတ်ဆီ စတင်ပို့ခဲ့ပြီး ၂၀၂၆ မှာတော့ ဖိလစ်ပိုင်ဈေးကွက်ထဲ စတင်ဝင်ရောက်ခဲ့တာပါ။ ဧရာဝတီတိုင်းဘက်က ထွက်တဲ့ဆန်တွေ ပုံမှန်ဈေးပဲ ရခဲ့ပေမဲ့ နောက်ပိုင်း အဝယ်လိုက်လာတော့ မန္တလေးတိုင်းဘက်က ထွက်တဲ့ GW-11 ဆန်တွေပါ အတော်လေး ဈေးကောင်းရလာပါတယ်။ ၂၀၂၆ ဧပြီကနေ ဩဂုတ်လအထိ ၅ လအတွင်းမှာပဲ မြန်မာနိုင်ငံရဲ့ ပြည်ပဆန်တင်ပို့မှုဟာ တန်ချိန် ၈ သိန်းကျော် အထိ ရှိခဲ့ပါတယ်။
အခုလို ဖိလစ်ပိုင်က အဝယ်တော်တော်ကြမ်းနေတဲ့အတွက် ဝယ်လိုအားကို မီအောင်လို့ အရည်အသွေးမကျဘဲ GW-11 ဆန်တွေကို တခြားဒေသတွေမှာပါ တိုးချဲ့စိုက်ပျိုးကြဖို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံဟာ ဆန်ကွဲအများအပြားကိုလည်း တင်ပို့နေပြီး ဘယ်လ်ဂျီယံနိုင်ငံက အဓိက ဝယ်ယူတယ်လို့ သိရပါတယ်။
REF: The Nation
#News #Myanmar

No comments:
Post a Comment