ရုရှားဖက်ဒရေးရှင်းနိုင်ငံသို တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နျူကလီးယားစွမ်းအင်၊ LNG၊ ရေနံနှင့် သဘာဝဓာတ်ငွေ့၊ ထားဝယ် အထူးစီးပွားရေးဇုန်၊ စိုက်ပျိုးရေး၊ နည်းပညာ၊ အာကာသ၊ ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့်တင်သွားရေး ဆွေးနွေးခဲ့ကြသည်။ ကဏ္ဍအလိုက် ဆွေးနွေးချက်များမှာ -
စွမ်းအင်နှင့် မဟာဗျူဟာစီမံကိန်း
အသေးစားနျူကလီးယား ဓာတ်အားပေးစက်ရုံစီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရေး၊ ရုရှားအရှေ့ဖျားဒေသမှ LNG ကို မြန်မာနိုင်ငံသို တင်ပိုနိုင်ရေး၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်စွမ်းအင်စီမံကိန်းများတွင် ရုရှားကုမ္ပဏီများ ပါဝင်နိုင်ရေး၊ ပင်းပက်စီမံကိန်းနှင့် တွင်းထွက် သယံဇာတ ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး။
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု
နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများ ဆက်လက်ဖော်ထုတ်ရေး၊ စက်မှု၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံကဏ္ဍတိုတွင် ရုရှားရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ မော်စကိုမြိုတွင် မြန်မာ-ရုရှား ကုန်သွယ်ရေးရုံး ဖွင့်လှစ်နိုင်ရေး၊ နှစ်နိုင်ငံ ပူးတွဲကုန်သွယ်ရေးနှင့် စီးပွားရေးကော်မရှင် အစည်းအဝေးများ ဆက်လက်ကျင်းပရေး၊ အရှေ့ဖျား စီးပွားရေးဖိုရမ်မှတစ်ဆင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး။
နည်းပညာ၊ Digital နှင့် AI
High-tech၊ Telecommunications၊ IT နှင့် Artificial Intelligence ကဏ္ဍတိုတွင် ပူးပေါင်းဆောင်ရွက်ရေး၊ Smart City နှင့် Digital Security ဆိုင်ရာ နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရေး၊ ရုရှား၏ AI နည်းပညာနှင့် မော်ဒယ်များကို အသုံးချနိုင်မည့် အလားအလာများ။
အာကာသကဏ္ဍ
မြန်မာအာကာသအေဂျင်စီနှင့် Roscosmos တို့အကြား ပူးပေါင်းဆောင်ရွက်မှု အကောင်အထည်ဖော်ရေး၊ Earth Remote Sensing နှင့် ဂြိုလ်တုအခြေပြုနည်းပညာများ ဖွံဖြိုးရေး၊ မြန်မာကျောင်းသားများအတွက် အာကာသနည်းပညာ ပညာသင်ဆုနှင့် လေ့ကျင့်ရေးအစီအစဉ်များ တိုးချဲ့ရေး၊ မြန်မာအာကာသယာဉ်မှူး လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်ရေး။
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ
သဘာဝရွက်ဖျန်းမြေဩဇာနှင့် ဓာတ်မြေဩဇာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ အာလူးမျိုးသစ်များနှင့် စိုက်ပျိုးရေးနည်းပညာ ဖလှယ်ရေး၊ မြန်မာ့ရေထွက်ကုန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ ရုရှားဈေးကွက်သို့ ပိုမိုဝင်ရောက်နိုင်ရေး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။
ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်
ရုရှားနိုင်ငံတွင် ပညာသင်ကြားခဲ့သည့် မြန်မာနိုင်ငံသား ၇,၀၀၀ နီးပါး/ကျော်ရှိပြီး နိုင်ငံဖွံဖြိုးတိုးတက်ရေးတွင် အကျိုးပြုလျက်ရှိသည့်အတွက် ပညာသင်ဆုနှင့် အဆင့်မြင့်ပညာရေး အစီအစဉ်များ ပိုမိုတိုးချဲ့ပေးရေး၊ ရုရှားဘာသာစကား သင်ကြားရေးနှင့် ဘာသာစကား သင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ရေး။
ကျန်းမာရေး
ကင်ဆာကုသရေးဆေးဝါးနှင့် နျူကလီးယားဆေးပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်အတွက် သင်တန်းနှင့် ပညာသင်ဆုများ တိုးမြှင့်ရေး၊ တောင်ကြီး စဝ်စံထွန်းဆေးရုံနှင့် ကင်ဆာကုသရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို မြန်မာ-ရုရှား ချစ်ကြည်ရေး ပြယုဂ်အဖြစ် ဖော်ဆောင်နိုင်ရေး။
ဘဏ္ဍာရေးနှင့် ငွေပေးချေမှု
ရူဘယ်-ကျပ် တိုက်ရိုက်ငွေစာရင်းနှင့် ငွေပေးချေမှုစနစ်များ တိုးမြှင့်ရေး၊ ရုရှားငွေပေးချေမှုကတ်စနစ်ကို မြန်မာနိုင်ငံတွင် ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုတွင် ဒေသသုံးငွေကြေးများ အသုံးပြုနိုင်ရေး။
အလုပ်သမားနှင့် ခရီးသွားလုပ်ငန်း
မြန်မာလုပ်သားများ ရုရှားနိုင်ငံသို စေလွှတ်နိုင်ရေးနှင့် ရုရှားဘာသာစကား သင်ကြားပေးရေး၊ ဗီဇာကင်းလွတ်ခွင့်အစီအစဉ်မှတစ်ဆင့် နှစ်နိုင်ငံခရီးသွားလာမှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံ၏ ကမ်းခြေ၊ ယဉ်ကျေးမှုနှင့် သမိုင်းအမွေအနှစ်များသို ရုရှားခရီးသွားများ လာရောက်ရေး။
အားကစားနှင့် ယဉ်ကျေးမှု
အားကစားဆိုင်ရာ MoU အရ လှေလှော်အားကစားနည်း ဖွံဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး၊ ရုရှား-မြန်မာ ချစ်ကြည်ရေးအထိမ်းအမှတ်နှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်များ တိုးမြှင့်ရေး။
ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု
EAEU နှင့် BRICS တိုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး ရုရှား၏ ထောက်ခံကူညီမှု ရယူရေး။ ASEAN အခြေခံမူဝါဒများနှင့်အညီ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး။ ကုလသမဂ္ဂနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ထောက်ခံပူးပေါင်းရေး။
#News #Myanmar

No comments:
Post a Comment