နေပြည်တော်၊ ဩဂုတ် ၂၇
အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်သည် ကုလသမဂ္ဂစီမံကိန်း ဝန်ဆောင်မှုရုံး (United Nations Office for Project Services-UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ယာယီညွှန်ကြားရေးမှူး Mr. Peter John Cross ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က အမျိုးသမီးရေးရာဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများ၏ စွမ်းပကားမြှင့်တင်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံကိန်း(National Strategic Plan for Advance-ment of Women-NSPAW) အကောင်အထည်ဖော်ရေးနှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးတို့ကို ဆောင်ရွက်လျက်ရှိမှု၊ ကျေးလက်နေအမျိုးသမီးများနှင့် အမျိုးသမီးငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိမှု၊ အာဆီယံလုပ်ငန်းစဉ်များအနေဖြင့် အာဆီယံအမျိုးသမီးရေးရာဝန်ကြီးများ အဆင့်အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံအမျိုးသမီးကော်မတီ၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ်များ အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင် (အမျိုးသမီးကိုယ်စားလှယ်)၊ အာဆီယံအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် မှတ်ပုံတင်ကဏ္ဍတို့ကို Focal Point အဖြစ် ဆောင်ရွက်လျက်ရှိမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးသည်။
ဆက်လက်၍ Mr. Peter John Cross က မိမိတို့၏ Work Plan တွင် အမျိုးသမီးများအတွက် အသက်မွေးဝမ်းကျောင်း ထောက်ပံ့ရေးလုပ်ငန်းများ၊ ကျား-မ အခြေပြုအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများပါရှိသည့်အတွက် အမျိုးသမီးရေးရာဝန်ကြီးဌာနနှင့် လက်မှတ်ရေးထိုး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
တွေ့ဆုံမှုအတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment