ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့)ကုသပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA မှ ထန်းတပင်မြို့နယ်၌ ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ (အခမဲ့)ကုသပေး







ထန်းတပင်၊ သြဂုတ် ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုအသင်း (YMBA)မှဦးဆောင်၍ ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ YMBA အသင်းအသင်းသာများနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုအပတ်စဥ် တနင်္ဂ​နွေနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ်(၂၃)ရက်နေ့က ( ၆၃ )ကြိမ်မြောက်အဖြစ် (အခမဲ့)ကုသပေးခြင်းကိုအဆိုပါကျေးရွာရှိ မဇ္စျိမပတ္တမြားရတနာမေတ္တာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင်လည်း မုဒိတာမေကျန်းမာရေးစောင့်ရှောက်ရေး ပရဟိတအသင်း၊ မဇ္စျိမမေတ္တာကုသိုလ်ဖြစ်အခမဲ့ဆေးခန်း၏ ဆေးဝါးကျွမ်းကျင်သင်တန်းသားများနှင့် မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း  YMBA အတွင်းရေးမှုး၊ လူငယ်ရေးရာတာဝန်ခံ ဦးရန်လင်းအောင်နှင့် အလုပ်အမှုဆောင်တို့မှ ကျေးရွာနေပြည်သူစုစုပေါင်း ( ၃၉) ဦးတို့အား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။ 

လာရောက်ကုသကြသည့် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA ဒုဥက္ကဋ္ဌ ဦးဇော်သိန်း အတွင်ရေးမှူး  ဦးရန်လင်းအောင်၊ ရေးတွင်းကုန် ရပ်ကျေး ဥက္ကဋ္ဌ ဦးမြင့်ဌေး တို့မှ တာဝန်ရှိသူများထံသို့ အလှူငွေ ၂၅၀၀၀၀ ကျပ် လှူဒါန်းမှုအား လက်ခံထားရှိပြီး အားဆေးများကို ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)