ထန်းတပင်၊ သြဂုတ် ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုအသင်း (YMBA)မှ ဦးဆောင်၍ရခိုင်ရိုးကြီးကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ YMBA အသင်းအသင်းသာများနှင့် ကျေးရွာနေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုအပတ်စဥ် တနင်္ဂနွေနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ်( ၃၀ )ရက်နေ့က ( ၆၄ )ကြိမ်မြောက်အဖြစ်(အခမဲ့)ကုသပေးခြင်းကိုအဆိုပါကျေးရွာရှိ မဇ္စျိမပတ္တမြားရတနာမေတ္တာဘုန်းတော်ကြီးကျောင်းတိုက်ကြီးတွင်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင်လည်း မုဒိတာမေကျန်းမာရေးစောင့်ရှောက်ရေး ပရဟိတအသင်း၊ မဇ္စျိမမေတ္တာကုသိုလ်ဖြစ်အခမဲ့ဆေးခန်း၏ဆေးဝါးကျွမ်းကျင်သင်တန်းသားများနှင့် မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အတွင်းရေးမှုး၊လူငယ်ရေးရာတာဝန်ခံ ဦးရန်လင်းအောင်နှင့် အလုပ်အမှုဆောင်တို့မှ ကျေးရွာနေပြည်သူ ကျာ ( ၆ ) မ ( ၃၅ ) စုစုပေါင်း ( ၄၁ ) ဦးတို့အားကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးခဲ့ကြသည်။
လာရောက်ကုသကြသည့် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အတွင်ရေးမှူး ဦးရန်လင်းအောင် တတ်သစ်ရပ်ကျေး ဥက္ကဋ္ဌ ဦးစိန်လွင် တို့မှတာဝန်ရှိသူများထံသို့ အလှူငွေ ၅၀၀၀၀ ကျပ် လှူဒါန်းမှုအား လက်ခံထားရှိပြီး အားဆေးများကို ပေးအပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
#News #Myanmar




No comments:
Post a Comment