ပခုက္ကူမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော၊ လက်တွေ့သရုပ်ပြဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပခုက္ကူမြို့၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော၊ လက်တွေ့သရုပ်ပြဆောင်ရွက်






ပခုက္ကူ၊ ဩဂုတ် ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက်၉နာရီအချိန်က သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ကြသည်။

ပထမဦးစွာ ပခုက္ကူခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုနုဝင်းက ငလျင်ဘေး၊ ရေဘေးနှင့် လေဘေးအန္တရာယ်အမျိုးအစားအလိုက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဟောပြောပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုး အောင်က မီးဘေးအန္တရာယ်ဆိုင်ရာများလိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်းတို့ကို အသိပညာပေးဟောပြောကြ သည်။

အဆိုပါဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် လက်တွေ့သရုပ်ပြမီးငြှိမ်းသတ်နည်းလေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


ဘာမီသာ(ပခုက္ကူ)

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)