(၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

(၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာယဉ်ကျေးမှုဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် တက်ရောက်





​နေပြည်တော်၊ စက်တင်ဘာ ၃၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ စက်တင်ဘာ ၂၄ ရက်မှ စက်တင်ဘာ ၂၆ ရက်အထိ ကျင်းပသည့် (၁၂) ကြိမ်မြောက် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ ယဉ်ကျေးမှုဖိုရမ် (XII Saint Petersburg International United Cultures Forum) သို့ ယဉ်ကျေးမှု၊ ​ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့သည်။

စက်တင်ဘာ ၂၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကတ်သရင်းနန်းတော်ပြတိုက်သို့ သွားရောက်လေ့လာခဲ့သည်။

ထို့အတူ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်း ဖိုရမ်တွင် မြန်မာနိုင်ငံ၌ လွန်ခဲ့သော နှစ်ပေါင်းသန်း ၄၀ က တွေ့ရှိခဲ့သည့် ပရိုင်းမိတ်များအား ယဉ်ကျေးမှုအမွေအနှစ် ရေရှည်ထိန်းသိမ်းနိုင်ရေးအတွက် ဆောင်ရွက် မည့်အစီအစဉ်များ၊ မြန်မာ-ရုရှား နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်များ၊ အနာဂတ် လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယဉ်ကျေးမှုအမွေအနှစ်သည် အဓိကအခန်းကဏ္ဍတစ်ရပ် အဖြစ် ပါဝင်မှုတို့ကို တက်ရောက်ဆွေးနွေးသည်။

ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတဗလာဒီမာပူတင် တက်ရောက်အမှာစကားပြောကြားသည့် အခမ်းအနားသို့ ဖိတ်ကြားထားသည့် နိုင်ငံများမှ ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ရုရှားသတင်း ဌာနများ၏ တွေ့ဆုံမေးမြန်းမှုများကို ဖြေကြားခဲ့သည်။

စက်တင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဖိုရမ်အောင်မြင်စွာ ကျင်းပနိုင်ခဲ့မှုအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုဆုပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။

ထို့ပြင် ရုရှားသတင်းဌာနများ၏ တွေ့ဆုံ မေးမြန်းမှုများကို ဖြေကြားခြင်း၊ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးခြင်း အစီအစဉ်များတွင်လည်း ရှင်းလင်းဆွေးနွေးခဲ့သည်။

စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)