ကော့မှူးမြို့နယ်တွင် တာတမံကြံ့ခိုင်မှုအ‌ခြေအနေများ လိုက်လံစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking


ကော့မှူးမြို့နယ်တွင် တာတမံကြံ့ခိုင်မှုအ‌ခြေအနေများ လိုက်လံစစ်ဆေး

 


ကော့မှူး ,စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ရန်ကုန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းစားနေမှုအခြေအနေများကို ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူများ လိုက်လံကြည့်ရှုစစ်ဆေးကြကြောင်း သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ (AE) ဦး‌ပေါင်သွဲ့ထန် ဦးဆောင်၍ မြို့နယ်ဆည်‌မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ကော့မှူးမြို့နယ် မုတ်ကျွန်းတာတစ်လျောက် မုတ်ကျွန်းတာ (သခွပ်အပိုင်း)၊ မုတ်ကျွန်းတာ(ကွင်းဝိုင်းအပိုင်း)၊ မုတ်ကျွန်းတာ(ဆားတိုင်မွတ်အပိုင်း)၊ မုတ်ကျွန်းတာ(သရက်တောအပိုင်း)ရှိ တာတမံကြံ့ခိုင်မှုအခြေအနေများ ရန်ကုန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းစားနေမှုအခြေအနေများကို ရေကြောင်း၊ ကုန်းကြောင်းများဖြင့် ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ မုတ်ကျွန်းတာတာတမံကြံ့ခိုင်မှုအပြည့်အဝရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ကျော်သူရ(ကော့မှူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)