အီရန်ကိုအနိုင်ရဖို့ နီးစပ်နေပြီလို့ အစ္စရေးဝန်ကြီးချုပ်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking


အီရန်ကိုအနိုင်ရဖို့ နီးစပ်နေပြီလို့ အစ္စရေးဝန်ကြီးချုပ်ပြော



စက်တင်ဘာ - ၁၀ ( ကြာသပတေးနေ့ ) 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတာယာဟု က ဆီးရီးယားက ဘာရှာ အာဆဒ် အစိုးရ ပြိုလဲပြီးနောက်ပိုင်း အစ္စရေးစစ်တပ် (IDF) သိမ်းပိုက်ထားတဲ့ ဆီးရီးယား ပိုင်နက်အတွင်းက ဟာမွန်တောင်ပေါ်မှာ တပ်စွဲထားတဲ့ အစ္စရေးစစ်သည်တွေဆီ သွားရောက်ကြည့်ရှုစဉ်အတွင်း အစ္စရေးဟာ အီရန်ကို အနိုင်ယူဖို့ "အလွန်နီးစပ်နေပြီ" လို့ ပြောဆိုလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့က ကာကွယ်ရေးဝန်ကြီး အစ္စရေး ကာဇ်၊ ဒုတိယ စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး တာမီးယာဒိုင်း တို့နဲ့အတူ အဆိုပါ မဟာဗျူဟာမြောက် တောင်ထိပ်ဆီ သွားရောက်ခဲ့တာဖြစ်ပါတယ်။

"ဒမက်စကတ်က ဒီမှာတင်ရှိတယ်၊ လစ်ဘနွန်ကလည်း ဟိုဘက်မှာတင်ရှိတယ်၊ ဆီးရီးယား ဂိုလန်ကုန်းမြင့် ကလည်း ဟောဟိုမှာတင်ရှိတယ်" လို့ နေတန်ယာဟု က သူ့ရုံးမှ ထုတ်ပြန်သည့် ဗီဒီယိုထဲတွင် ပြောကြားခဲ့ပြီး အစ္စရေးအနေဖြင့် အနီးပတ်ဝန်းကျင်ဒေသတစ်ခုလုံးအပေါ် " စည်းစနစ်တကျ အပြည့်အဝ ထိန်းချုပ်နိုင်ပြီ" လို့ ပြောဆိုခဲ့ပါတယ်။ 

သူက အစ္စရေးအနေနဲ့ နယ်စပ်တလျှောက်မှာ  "အကြမ်းဖက်တပ်ဖွဲ့" တပ်စွဲအခြေချတာကို ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပြီးတဲ့နောက် တီဟီရန်နဲ့ပတ်သက်ပြီးတော့ "ဒီတောင်ထိပ်တွေပေါ်ကနေ လုပ်စရာအလုပ်တွေ ကျန်သေးတယ်၊ ပင်မတာဝန်ကတော့ အီရန်မှာရှိတဲ့ အကြမ်းဖက်အစိုးရကို အနိုင်ယူဖို့ပဲ" လို့ ပြောကြားခဲ့ပြီး "ကျနော်တို့ ဒါနဲ့ အရမ်းနီးစပ်နေပါပြီ။ အမုန်းတရားအဖွဲ့အစည်း တစ်ခုလုံး အဆုံးသတ်မှာ ပြိုလဲသွားမယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ကျနော်တို့ဒါကို လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ချထားပြီး လုပ်လည်းလုပ်ဆောင်သွားမှာပါ" လို့ ဆိုပါတယ်။

ဆီးရီးယားနိုင်ငံကတော့ နာတာညာဟူရဲ့ ခရီးစဉ်ဟာ သူတို့ပိုင်နက်အတွင်း "တရားမဝင် ဝင်ရောက်မှု" ဖြစ်တယ်လို့ ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီခရီးစဉ်ကို "ရန်စမှု" ဖြစ်ပြီး ဆီးရီးယားရဲ့ အချုပ်အခြာအာဏာ၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ နိုင်ငံတကာဥပဒေတို့ကို "ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု" လို့ ခေါ်ဆိုခဲ့ကာ အစ္စရေး၏ ကျူးကျော်ဝင်ရောက်မှုများကို ရပ်တန့်ရန် ဖိအားပေးဖို့ ကုလသမဂ္ဂနဲ နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးဟာ အာဆဒ်အစိုးရ ပြိုလဲပြီးနောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဟာမွန်တောင်ရဲ့ ဆီးရီးယားဘက်ခြမ်းနဲ့ ကုလသမဂ္ဂ စောင့်ကြည့်ရေး လုံခြုံရေးဇုန်အတွင်းရှိ အခြားစခန်းတွေကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စတင်တပ်စွဲချိန်က ယာယီသာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ တပ်စွဲမှုကို ပိုမိုခိုင်မာအောင် ပြုလုပ်ခဲ့ပါတယ်။ ကာကွယ်ရေးဝန်ကြီး ကာဇ် က ဗုဒ္ဓဟူးနေ့ ခရီးစဉ်အတွင်း အစ္စရေးတပ်ဖွဲ့တွေဟာ ဒီ "လုံခြုံရေးဇုန်" ကနေ "ဖယ်ရှားပေးမှာ မဟုတ်ဘူး" လို့ ပြောကြားခဲ့ပါတယ်။


REF: RT

#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)