နေပြည်တော်၊ စက်တင်ဘာ ၁
မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ မတိမ်ကော၊ မပပျောက်စေရန်နှင့် မျိုး ချစ်စိတ်၊ ဇာတိသွေး၊ ဇာတိမာန်များ ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သော ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ် ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင် ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တက်ရောက်၍ အကောင်းဆုံးတံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်နီလာ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး ဒေါ်နန်းကူးကူ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့်ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများတက် ရောက်ကြသည်။
အခမ်းအနားအစီအစဉ်အရ ဆုချီးမြှင့်ပွဲ ပထမပိုင်းကိုပြုလုပ်ရာ ဦးစွာ မျက်လှည့် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး ဇော်မင်းထွန်းနှင့်အဖွဲ့ ၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ(အဖွဲ့လိုက်)တွင် ပထမ ဆုရရှိသည့် အမှတ်(၄)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒုတိယအရာခံဗိုလ် အောင်ဇော်နှင့်အဖွဲ့၊ မြန်မာ့ဆိုင်းဝိုင်း(အဖွဲ့လိုက်) အတီးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အရာခံဗိုလ် တင့်ဆန်းနှင့် အဖွဲ့တို့အား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဟိန်းက ဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှု(နန်းတွင်း) ယိမ်းအကပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ် (အစားခန့်) ဒေါ်သန္တာလင်းဦးဆောင်သော တေဇဂုဏ်အဖွဲ့ ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်)ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)တပ်မတော် ရုပ်မြင် သံကြားထုတ်လွှင့်ရေးတပ်မှ ဒုတိယအရာခံဗိုလ်(အစားခန့်) ဒေါ်သန္တာလင်းဦးဆောင်သော လယ်တောသူ ယိမ်းအဖွဲ့နှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု (တိုင်းရင်းသားရိုးရာ) ယိမ်းအက ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် မှတပ်ကြပ်ကြီး/စာရေး ကျော့ယမင်းဦးဆောင်သော ညီညာစေတိုင်းရင်းသားယိမ်းအဖွဲ့ တို့အား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦးက ဆုများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် အငြိမ့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၄)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ ရွှေပြည်တန်အငြိမ့်အဖွဲ့နှင့် ပြဇာတ်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ မိုက်နောင်တ စင်တင်ပြဇာတ်အဖွဲ့ တို့အား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ဆုများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ် ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၉)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင် အကောင်းဆုံးတံခွန်စိုက်ဒိုင်းဆုရရှိသည့် အမှတ်(၂)နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး က တံခွန်စိုက်ဒိုင်းဆုပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာ့ဆိုင်းဝိုင်း(အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ အောင်ပါစေ ဧည့်ခံတီးလုံးဖြင့် တီးခတ် ဖျော်ဖြေခြင်း၊ ခေတ်ဟောင်းတေး(အမျိုးသား)အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီး အေးမင်းထွန်းက လူချွန်လူကောင်း တေးသီချင်း၊ ကာလပေါ်တေး (အမျိုးသမီး) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁)တပ်မတော်အသံလွှင့်တပ်မှ တပ်ကြပ်ကြီး (အစားခန့်) ဒေါ်ကြည်စင်သန့်က တောင်တန်းပြာနဲ့ကျောပိုးအိတ် တေးသီချင်း၊ ခေတ်ပေါ်တေး (အမျိုးသမီး) အဆိုပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်မှ ဗိုလ်ကြီး ဒေါ်မေအိန္ဒြေသန့် က ရူးရူးမိုက်မိုက်အချစ် တေးသီချင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(နန်းတွင်းယိမ်း)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ တေဇဂုဏ် နန်းတွင်းယိမ်း အကများ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်ယိမ်း) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လယ်တောသူကျေးလက် ယိမ်းအကများ၊ မျက်လှည့်ပြိုင်ပွဲ(အဖွဲ့လိုက်)ပြိုင်ပွဲတွင် တတိယဆုရရှိသည့် အမှတ်(၂) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စိတ်ဝင်စားစရာ အကောင်းဆုံးမျက်လှည့်ပြကွက်များ၊ ခေတ်ပေါ်တီးဝိုင်း (အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၄) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တီးခတ်ဖျော်ဖြေခြင်း၊ အငြိမ့်(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ် မြဝတီ အငြိမ့်အဖွဲ့က အငြိမ့်ကောက်နုတ်ချက်များဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်မှ စစ်သည်၊ စစ်သမီးများက စည်းလုံး ချစ်ကြည် ပြန်ဆုံကြမည် စုပေါင်းသီချင်းဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများက (၁၉)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့်မျက်လှည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် တပ်ရင်း /တပ်ဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အကဲဖြတ်အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီး များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပွဲ ဒုတိယပိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး နှင့် တပ်မတော်အရာရှိကြီးများ၊ အကဲဖြတ်ဝါရင့် အနုပညာရှင်၊ အတတ်ပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများ တက်ရောက်ကြသည်။
ဦးစွာဆုချီးမြှင့်ခြင်းကိုပြုလုပ်ရာ ပြိုင်ပွဲအမျိုးအစားများအလိုက် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် စစ်သည်၊ စစ်သမီးများအား ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးမှ ပေးအပ်ချီးမြှင့်ကြသည်။ တာဝန်ရှိသူများက ဆုများအသီးသီး
ယင်းနောက် အကဲဖြတ်ပညာရှင်များကိုယ်စား အကြံပေးပညာရှင် ဦးသက်ဆွေ က ပြိုင်ပွဲအပေါ်သုံးသပ်ချက်များအားဆွေးနွေးတင်ပြသည်။ ထို့နောက် ညွှန်ကြားရေးမှူး က ပြိုင်ပွဲကျင်းပခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးမှာကြားပြီး အကဲဖြတ် ပညာရှင်ကြီးများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။
ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများကို မြန်မာ့ရိုးရာယဉ်ကျေးမှု အနုသုခုမ ပညာရပ်များကို မတိမ်ကော၊ မပပျောက်အောင် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန်၊ အနုသုခုမ ပညာရပ်များမှ တစ်ဆင့် နိုင်ငံသားတိုင်း၏ နှလုံးသား၌ ဇာတိသွေး၊ ဇာတိမာန်များကို အရင်းခံသည့် မျိုးချစ်စိတ်များ ပွင့်လန်းရှင်သန်စေရန်နှင့် မိမိတို့တပ်ဖွဲ့များ၏ အနုပညာအရည် အသွေးများ မှန်မှန်ကန်ကန် တိုးတက်ဖြစ်ထွန်းလာအောင် ဝါရင့်၊ သမ္ဘာရင့် အနုပညာ ရှင်၊ အတတ်ပညာရှင်ကြီးများထံမှ စစ်မှန်သည့် အနုပညာအမွေအနှစ်များကို မျိုးဆက် သစ်ပညာရှင်များ လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီအနုပညာရှင်အဖွဲ့များနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေး တပ်ခွဲများမှ စစ်သည်၊ စစ်သမီးများဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်)ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ မြန်မာ့ဆိုင်းဝိုင်းပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့် တေးသီချင်းအရေး ပြိုင်ပွဲ၊ စုစုပေါင်း ပြိုင်ပွဲအမျိုးအစား ၂၁ မျိုး ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
#News #Myanmar







No comments:
Post a Comment