နမ့်စန်တွင် ချောင်းရေလျှံမှုကြောင့် ရပ်ကွက်(၃)ခုရှိ လူနေအိမ်များအတွင်း ရေများဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking


နမ့်စန်တွင် ချောင်းရေလျှံမှုကြောင့် ရပ်ကွက်(၃)ခုရှိ လူနေအိမ်များအတွင်း ရေများဝင်ရောက်



နမ့်စန်(တ)၊ စက်တင်ဘာ ၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်စန်မြို့တွင်းဖြတ်သန်းစီးဆင်းနေသော နမ့်လတ်ချောင်းရေလျှံကာ ယနေ့နံနက်ပိုင်းမှစ၍ ချောင်းအနီးဝန်းကျင်နှင့် အနိမ့်ပိုင်းလူနေအိမ်များမှတဆင့် ရေများဝင်ရောက်လျက် ရှိကြောင်းသိရသည်။

နမ့်စန်မြို့ အမှတ်(၁)ရပ်ကွက် မြေနိမ့်ရာနေရာများ၊ အမှတ် (၃) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်ချောင်းဘေးနေရာများရှိ လူနေအိမ်များအတွင်း ရေများအဆက်မပြတ် ဝင်ရောက်နေမှုကြောင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးနေမျိုးထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများနှင့် ရေဘေးသင့်ပြည်သူများကို ရေလွတ်ရာနေရာများသို့ ပြောင်းရွှေ့ခြင်း စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ နမ့်လတ်ချောင်းရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေစာရင်း ကောက်ယူခြင်းနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သူရအောင်

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)