အိန္ဒိယ-မြန်မာ လေတပ်နှစ်ရပ်အကြား အရာရှိကြီးများအဆင့် အလုပ်သဘောခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေး (Functional Level Visit) ခရီးစဉ်လာရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking


အိန္ဒိယ-မြန်မာ လေတပ်နှစ်ရပ်အကြား အရာရှိကြီးများအဆင့် အလုပ်သဘောခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေး (Functional Level Visit) ခရီးစဉ်လာရောက်


နေပြည်တော်၊ စက်တင်ဘာ ၁၂

အိန္ဒိယ-မြန်မာလေတပ်နှစ်ရပ်အကြား အရာရှိကြီးများအဆင့် အလုပ်သဘောခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေး (Functional Level Visit) လာရောက်သည့် အိန္ဒိယလေတပ်မှ အရှေ့ပိုင်းလေတပ်ဌာနချုပ်မှူး Air Marshal Inderpal Sing Walia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၇ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

အဆိုပါအိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၈ ရက်တွင် လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်သို့ သွားရောက်လေ့လာခဲ့ပြီး လေတပ်စခန်းဌာနချုပ်မှူးက ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၉ ရက်တွင် ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းဝင်းအား နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ဂါရဝပြုတွေ့ဆုံပြီး နှစ်နိုင်ငံလေတပ်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု၊ နားလည်မှု၊ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်ကောင်းမွန်စေရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကာ အထိမ်းအမှတ်လက်ဆောင်များ အပြန်အလှန်ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ကြပြီး Park Royal Hotel ၌ တပ်မတော် (လေ) မှ တာဝန်ရှိသူများက အလုပ်သဘောနေ့လယ်စာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

ခရီးစဉ်အတွင်း အိန္ဒိယကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်၊ နေပြည်တော်ကောင်စီနယ်မြေရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်ဈေး၊ ဇဗားရှားဂူဗိမာန်နှင့် အမျိုးသားပြတိုက်တို့ကို သွားရောက်လေ့လာခဲ့ကြသည်။

ယမန်နေ့နံနက်ပိုင်းတွင် Air Marshal Inderpal Sing Walia ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အိန္ဒိယနိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယစစ်သံမှူးနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)