IAEA ၏ Board of Governors (BoG) အစည်းအဝေး၌ မြန်မာအဖွဲ့ရုံး ယာယီတာဝန်ခံ ဆွေးနွေးပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking


IAEA ၏ Board of Governors (BoG) အစည်းအဝေး၌ မြန်မာအဖွဲ့ရုံး ယာယီတာဝန်ခံ ဆွေးနွေးပြောကြား




ဗီယင်နာ၊ စက်တင်ဘာ ၁၁

အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ Board of Governors (BoG) အစည်းအဝေးကို ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ ဗီယင်နာအပြည်ပြည်ဆိုင်ရာစင်တာ၌ ၇-၉-၂၀၂၆ ရက်မှ ၁၁-၉-၂၀၂၆ ရက်အထိ ကျင်းပလျက်ရှိရာ ဗီယင်နာမြို့အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ အဖွဲ့ရုံးယာယီတာဝန်ခံ ဦးအောင်ကိုမင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

၁၀-၉-၂၀၂၆ ရက်တွင် ကျင်းပသည့် အစည်းအဝေး အစီအစဉ်အောက်၌ အဖွဲ့ရုံးယာယီတာဝန်ခံက နျူကလီးယားစွမ်းအင်၊ နည်းပညာနှင့် အသုံးချနည်းများကို ငြိမ်းချမ်းစွာ အသုံးပြုရေးအတွက် မြန်မာနိုင်ငံ၏ ခိုင်မာသောကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး၊ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေးသည် နိုင်ငံများအကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု၏ အခြေခံမဏ္ဍိုင်တစ်ရပ်အဖြစ် ဆက်လက်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊ နျူကလီးယားလက်နက် မပြန့်ပွားရေးနှင့် နျူကလီးယားလက်နက် အလုံးစုံဖျက်သိမ်းရေးတို့ကို နိုင်ငံအားလုံး၏ ပူးတွဲတာဝန်ဝတ္တရားများအဖြစ် ဆက်လက်အကောင်အထည်ဖော်ရန် အရေးကြီးကြောင်း၊ IAEA ၏ Safeguards စနစ်များ ခိုင်မာတည်တံ့မှုနှင့် ထိရောက်မှုကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကမ္ဘာ့နျူကလီးယားလက်နက် မပြန့်ပွားရေးနှင့် လက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံအနေဖြင့် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)