မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး ပေါင်မြို့နယ်အတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရထားလမ်းကူး (Level Crossing) များ စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး ပေါင်မြို့နယ်အတွင်း ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ရထားလမ်းကူး (Level Crossing) များ စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေး





ပေါင်၊ စက်တင်ဘာ ၁၇

မွန်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ကဏ္ဍ ပိုမိုကောင်းမွန်လာစေရန်နှင့် ရထားလမ်းအသုံးပြု သွားလာနေကြသည့် ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် မွန်ပြည်နယ် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းတစ်လျှောက် ရထားလမ်းကူး (Level Crossing) များ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပေါင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြန်မာ့မီးရထားမှ တာဝန်ရှိသူများက ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းကူးဂိတ်များ၏ လက်ရှိအခြေအနေ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ရထားမောင်းနှင် သွားလာမှု လုပ်ငန်းစဉ်တစ်ရပ်လုံး လုံခြုံစိတ်ချရမှု ရှိစေရေးအတွက် အလေးထား ဆောင်ရွက်ရန်၊ သတ်မှတ်ထားသော ရထားလမ်းကူး (Level Crossing) များတွင် မောင်းတံဂိတ်များနှင့် ဂိတ်စောင့် ဝန်ထမ်းများကို စနစ်တကျ တာဝန်ချထားရန်၊ ယာဉ်မောင်းများနှင့် လမ်းသွားလမ်းလာများ သတိပြုနိုင်စေရန်အတွက် "ရပ်၊ ကြည့်၊ သွား" သတိပေးအမှတ်အသားနှင့် လမ်းညွှန်ဆိုင်းဘုတ်များကို ထင်သာမြင်သာရှိအောင် စိုက်ထူထားရှိရန်၊ မတော်တဆ ထိခိုက်မှုများ အဓိက ဖြစ်ပွားစေသည့် တရားမဝင် လမ်းဖြတ်ကူးထားသော နေရာများကို စနစ်တကျ ပိတ်သိမ်းထားရှိရန် လိုအပ်သည်များကို မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် အဖွဲ့သည် ပေါင်မြို့နယ်အတွင်းရှိ ရထားလမ်းတစ်လျှောက်သို့ သွားရောက်ကာ ရထားလမ်းကူး (Level Crossing) များတွင် မောင်းတံဂိတ်များ တပ်ဆင်ထားရှိမှု၊ ဂိတ်စောင့်များ လုပ်ငန်းခွင်အဆင်သင့်ရှိမှုနှင့် တရားမဝင် လမ်းကူးများ ပိတ်သိမ်းထားရှိမှု အခြေအနေများကိုကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ ခရီးသွားမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးသည် ပထမဦးစားပေးဖြစ်သဖြင့် လိုအပ်သည်များကို မိမိတို့ဌာနအလိုက် ညှိနှိုင်းပေါင်းစပ်ကာ ဖြည့်ဆည်းဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။


မွန်မလေး 

#News #Myanmar 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)