စက်တင်ဘာ - ၁၇ ( ကြာသပတေးနေ့ )
စွမ်းအင်ဈေးနှုန်းတွေ မြင့်တက်လာတာ၊ အစိုးရကြွေးမြီတွေ တိုးလာတာနဲ့ ငွေကြေးဖောင်းပွမှာကို စိုးရိမ်လာကြတာတွေကြောင့် ကမ္ဘာတစ်ဝန်းမှာ ငွေချေးသက်သေခံလက်မှတ် (ဘွန်း) တွေ ရောင်းထုတ်မှု ပိုများလာပြီး၊ အမေရိကန်ကတော့ ၁၀ နှစ်တာ ဘွန်း ရဲ့ အတိုးနှုန်းကို နှစ် ၂၀ နီးပါးအတွင်း အမြင့်ဆုံးဖြစ်တဲ့ ၅ ရာခိုင်နှုန်းကို ကျော်လွန်သွားခဲ့ပါတယ်။
အမေရိကန်ရဲ့ အီရန်စစ်ပွဲက ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးကို ခြိမ်းခြောက်နေဆဲဖြစ်တာကြောင့် ရေနံစိမ်းဈေးနှုန်းတွေက တစ်စည်ကို ဒေါ်လာ၁၀၀ ကျော်လွန်ပြီး မြင့်တက်လာခဲ့ပြီးနောက်မှာ အခုလို အတိုးနှုန်းတွေ ထပ်ပြီး ခုန်တက်လာတာ ဖြစ်ပါတယ်။
အင်္ဂါနေ့မှာ ၁၀ နှစ်တာ အမေရိကန် ဘွန်း ရဲ့ အတိုးနှုန်းဟာ ၂၀၀၇ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်တဲ့ ၅.၀၄ ရာခိုင်နှုန်းအထိ ရောက်ရှိသွားခဲ့ပြီး၊ ဒါဟာ အမေရိကန်နဲ့ အခြားနိုင်ငံတွေမှာပါ ချေးငွေကုန်ကျ စရိတ်တွေ ပိုမိုမြင့်တက်လာစေဖို ခြိမ်းခြောက်နေပါတယ်။ ဘွန်း ရဲ့ အတိုးနှုန်းတွေဟာ အိမ်ပေါင်နှံငွေတွေ၊ ကော်ပိုရိတ်ကြွေးမြီတွေနဲ့ ကမ္ဘာ့ဈေးကွက်တွေတစ်ဝန်း ချေးငွေတွေအတွက် စံနှုန်းတစ်ခုအနေနဲ့ အလုပ်လုပ်ပေးပါတယ်။
ဒီလို ဘွန်းတွေ ရောင်းချခံနေရတာကြောင့် ဗုဒ္ဓဟူးနေ့မှာ လုပ်မယ့် အတိုးနှုန်းဆုံးဖြတ်ချက် မချခင်မှာ အမေရိကန် ဖက်ဒရယ်ရံပုံငွေအဖွဲ အပေါ် ဖိအားတွေ ပိုဖြစ်စေခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံသူတွေကတော့ ၂၀၂၃ ခုနှစ် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အတိုးနှုန်း တိုးမြှင့်မှုကို မျှော်လင့်နေကြပါတယ်။
ဘလွန်းဘတ်ဂ် သတင်းဌာနရဲ့ ဖော်ပြချက်အရ အတိုးနှုန်းကို မပြောင်းလဲဘဲ ဆက်ထားမယ် ဒါမှမဟုတ် တင်းကျပ်မှုကို နှေးကွေးစေမယ်ဆိုရင် ရင်းနှီးမြှုပ်နှံသူတွေဟာ ငွေကြေးဖောင်းပွမှုဘေးအန္တရာယ်ကနေ အကာအကွယ်ရှာကြမှာဖြစ်လို ဘွန်း အတိုးနှုန်းတွေ ပိုပြီး မြင့်တက်လာနိုင်တယ်လို ဆိုပါတယ်။
"ဒီတစ်ပတ်မှာ Fed အနေနဲ့ အတိုးနှုန်းကို မပြောင်းလဲဘဲ ထားခဲ့မယ်ဆိုရင် ငွေကြေးဖောင်းပွမှုကို တိုက်ဖျက်နေတဲ့ သူတိုရဲ့ ယုံကြည်ကိုးစားမှုကို ထိခိုက်စေနိုင်တာမို့လို့ တော်တော်လေး ခက်ခဲပါလိမ့်မယ်" လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
REF: RT
#News #Myanmar

No comments:
Post a Comment