ရန်ကုန်၊ စက်တင်ဘာ ၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဦးအောင်ကျော်ဦးသည် ရုံးချုပ်နှင့်ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြိုနယ်လျှပ်စစ်မန်နေဂျာရုံးသို့သွားရောက်၍ ဩဂုတ်လအတွက် မီတာဖတ်ရှုနေမှု အခြေအနေ များနှင့် Online စနစ်ဖြင့် မီတာလျှောက်ထားသည့်လုပ်ငန်းစဉ်ဆောင်ရွက်မှုအခြေအနေများ၊ မီးသုံးသူများ က Phone Application ဖြင့် ကိုယ်တိုင်မီတာဖတ်ရှုသည့် စနစ်စမ်းသပ်ဆောင်ရွက်မှုများအား ကွင်းဆင်း ကြည့်ရှုသည်။
ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဒဂုံမြိုနယ်လျှပ်စစ်မန်နေဂျာရုံးသို့ရောက်ရှိစဉ် Online စနစ်ဖြင့် မီတာ လျှောက်ထားသည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ မီတာများထုတ်ယူ/ ထုတ်ပေးရန် ဆောင်ရွက်ထားမှု အခြေအနေ၊ ထရန်စဖော်မာအလိုက် လယ်ဂျာစာရင်းပြုစုထားမှုအခြေအနေများနှင့် မီတာဖတ်ရှုထားမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး Online Meter လျှောက်ထားမှုများအား စနစ်တကျ မှန်ကန်မြန်ဆန်စွာဆောင်ရွက်ပေးရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများမရှိစေရေး၊ မီတာဖတ်ရက်၊ မီတာ ဖတ်ချက်များမှန်ကန်ရေး၊ ပိုဖတ်/လိုဖတ်မဖြစ်စေရေးမီတာဖတ်မှတ်တမ်းကတ်များ စနစ်တကျမှန်ကန်စွာ ရေးသွင်းရေးတို့ကို မှာကြားကာ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ရပ်ကွက်များအတွင်း QR စနစ်ဖြင့် မီးသုံးသူကိုယ်တိုင် မီတာ ဖတ်သည့်စနစ် စမ်းသပ်ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း က အသိပေးတင်ပြထားသည်။
#News #Myanmar





No comments:
Post a Comment