မြန်အောင်မြို့နယ် မမြဆည်တာတမံ RD-9900 နှင့် RD-10000 အကြား မြေသားအလျား (၇၅) ပေခန့်၊ အကျယ် ပေ ၆၀ ခန့် နိမ့်ကျမှုဖြစ်ပေါ် - Myanmar National Post

Myanmar National Post

News Agency

Breaking


မြန်အောင်မြို့နယ် မမြဆည်တာတမံ RD-9900 နှင့် RD-10000 အကြား မြေသားအလျား (၇၅) ပေခန့်၊ အကျယ် ပေ ၆၀ ခန့် နိမ့်ကျမှုဖြစ်ပေါ်

 


မြန်အောင် ,စက်တင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု မမြဆည်တာတမံတွင် စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီခွဲခန့်က တာတမံ RD-9900 နှင့် RD-10000 အကြား မြေသား အလျား(၇၅)ပေခန့်၊အနံ(အကျယ်) ပေ (၆၀) ခန့်တွင် မြေသား (၁)ပေခွဲခန့် နိမ့်ကျမှုဖြစ်ပေါ်ကြောင်းသိရသည်။

အဆိုပါနေရာအား ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွန်ကြားရေးမှူးရုံး တည်ဆောက်ရေး(၉) ရန်ကုန်မှညွှန်ကြားရေးမှူး ဦးတင်မိုးအောင်၊ ညွှန်ကြားရေးမှူး ဦးလှဖုန်းမော်(ဒီဇိုင်းနဲ့ပုံထုတ်ဌာနခွဲ)၊ မမြဆည်တာတမံတာဝန်ခံ အင်ဂျင်နီယာ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ညီဝင်း၊ ဦးထင်လင်းမောင်နှင့်ဝန်ထမ်းများ၊ ဒေသခံပြည်သူများက တာတမံနိမ့်ကျမှုဆက်လက်မဖြစ်စေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုရဲမှူးကြီးဝေလင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးတင်အောင်ဝင်း၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုး‌အောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းတို့က လိုအပ်သည်များပေါင်းစပ် ဆောင်ရွက်သည်။

မြန်အောင်မြို့နယ် မျှင်ဝါးတောင်ကျေးရွာအုပ်စု မမြဆည်တာတမံကန်ရေပြည့်အမှတ်မှာ (၃၁၅)ပေ ဖြစ်ပြီး လက်ရှိရေမှတ်မှာ ၃၁၆ ဒသမ ၉၀ပေ ရောက်ရှိ၍ ကန်ရေပြည့်အမှတ်ထက် ၁ ဒသမ ၉၀ ကျော်လွန်လျက်ရှိကြောင်း သိရသည်။

ဝင်းဗိုလ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)