မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် Shanghai University Medical School မှ နှလုံးနှင့် သွေးကြောခွဲစိတ်ပါမောက္ခတို့ နှလုံးသွေးကြောခွဲစိတ်ကုသမှုများ ပူးပေါင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking


မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့် Shanghai University Medical School မှ နှလုံးနှင့် သွေးကြောခွဲစိတ်ပါမောက္ခတို့ နှလုံးသွေးကြောခွဲစိတ်ကုသမှုများ ပူးပေါင်းဆောင်ရွက်


နေပြည်တော်၊ စက်တင်ဘာ ၉

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့ Yida Hospital, Shanghai University Medical School မှ Dr. Feng Wan (Chairman and Professor, Department of Cardiovascular Surgery Center) ဦးဆောင်သော အဖွဲ့ဝင်ငါးဦးပါအဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနနှင့်ပူးပေါင်း၍ ဩဂုတ် ၂၄ ရက်မှ ၂၇ရက်အထိ နှလုံးသွေးကြောပိတ်လူနာခြောက်ဦးကို နှလုံးစက်အသုံးမပြုဘဲ နှလုံးသွေးကြောအစားထိုးဖြတ်ကျော် ဆက်သွယ်ခြင်း (Off-Pump Coronary Artery Bypass Surgery) ဖြင့် ခွဲစိတ်ကုသပေးခဲ့ရာ ၎င်းလူနာများအား မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနတွင် လိုအပ်သောကုသမှုများ ဆက်လက်ဆောင်ရွက်ပေးနေပြီး ကျန်းမာရေးအခြေအနေ တိုးတက်ကောင်း မွန်လျက်ရှိကြောင်း သိရသည်။

ပါမောက္ခ Dr. Feng Wan သည် ၂၀၀၈ ခုနှစ်မှ စတင်ပြီး မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၌ နှလုံးနှင့် သွေးကြောခွဲစိတ်ကုဌာနနှင့် ပူးပေါင်း၍ နှလုံးနှင့် သွေးကြောခွဲစိတ်ကုသမှုများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၇ ခုနှစ်တွင်လည်း မြန်မာနိုင်ငံသို့ ထပ်မံလာရောက်ပြီး နှလုံးခွဲစိတ်ကုသမှုများနှင့် နှလုံးနှင့် သွေးကြောခွဲစိတ်ပညာ ဘွဲ့လွန်ကျောင်းသား ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာနအနေဖြင့် မွေးရာပါနှလုံးရောဂါများ၊ နှလုံးအဆို့ရှင်ဆိုင်ရာရောဂါများ၊ နှလုံးသွေးကြော ပိတ်ရောဂါနှင့် နှလုံးသွေးလွှတ်ကြောမကြီး ခွဲစိတ်ကုသမှုများကို ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ်အတွင်း အကြီးစားခွဲစိတ်ကုသမှု ၁၅ ခုနှင့် ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ အကြီးစားခွဲစိတ်ကုသမှု ၄၀ တို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။


#Myanmar #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)