အလုပ်သမား ၂၀၀၀ ဝန်းကျင် အလုပ် လုပ်ကိုင်လျက်ရှိသည့် TENG HUI (Myanmar) သိုးမွှေးစက်ရုံ ကုန်ကြမ်းမရတော့သဖြင့် ပိတ်သိမ်းမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

အလုပ်သမား ၂၀၀၀ ဝန်းကျင် အလုပ် လုပ်ကိုင်လျက်ရှိသည့် TENG HUI (Myanmar) သိုးမွှေးစက်ရုံ ကုန်ကြမ်းမရတော့သဖြင့် ပိတ်သိမ်းမည်







ထန်းတပင်(ရန်ကုန်)၊ စက်တင်ဘာ ၃

လူမှုကွန်ယကfTiktok စာမျက်နှာတွင် TENG HUI (Myanmar) သိုးမွှေးစက်ရုံ ပိတ်သိမ်းမည့် သတင်းဖော်ပြပါရှိမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများ သွားရောက်စစ်ဆေးရာ စက်ရုံမှာ တရုတ်နိုင်ငံရှိ H&M အမှတ်တံဆိပ် သိုးမွှေးအထည် ကုန်ကြမ်းများ မရတော့သဖြင့် ၁-၁၀-၂၀၂၆ ရက်နေ့မှ စတင်၍ ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ TENG HUI (Myanmar) သိုးမွှေးစက်ရုံသည် တရုတ်နိုင်ငံရှိ H&M အမှတ်တံဆိပ် သိုးမွှေးအထည် ကုန်ကြမ်းများရရှိခြင်း မရှိတော့သဖြင့် စက်ရုံအား ပိတ်သိမ်းသွားမည်မှာ မှန်ကန်မှုရှိကြောင်း၊ စက်ရုံပိတ်သိမ်းမည်သဖြင့် ၎င်းစက်ရုံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အလှည့် အလုပ်သမားအချို့သည် မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးများမှ လာရောက်လုပ်ကိုင်သူများ ဖြစ်ကြသဖြင့် စက်ရုံမှ ပေးအပ်သည့် စက်ရုံဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်ကာ အလုပ်လုပ်ကိုင်လျက်ရှိကြောင်း၊ ယခုအခါ စက်ရုံ ပိတ်သိမ်းမည့်ဖြစ်သဖြင့် ၎င်းတို့ နေထိုင်သည့် ဝန်ထမ်းလိုင်းခန်းမှ ဖယ်ရှားပေးရမည်ဖြစ် သဖြင့် စားဝတ်နေရေးအခက်အခဲများစွာ ကြုံတွေ့လာနိုင်ကြောင်း၊ အလုပ်သမားများ အနေဖြင့် စက်ရုံပိတ်သိမ်းခဲ့သဖြင့် စားဝတ်နေရေး အခက်အခဲများ ဖြေရှင်းဆောင်ရွက်ရန် အခြားစက်ရုံများသို့ ပြန်လည် လျှောက်ထားလုပ်ကိုင်ရ မည်ဖြစ်ကြောင်း၊ အနီးပတ်ဝန်းကျင်မှ လာရောက်လုပ်ကိုင်သည့် အလုပ်သမားများအနေဖြင့်လည်း အခြားစက်ရုံများသို့ အသစ်ပြန် လည်လျှောက်ထားလုပ်ကိုင်ရာတွင် သွားလာရေး အခက်အခဲ မျိုးစုံဖြင့် ကြုံတွေ့လာနိုင်ကြောင်း၊ ယခုအခါ ပြည်ပနိုင်ငံများသို့ ကုန်ကြမ်းမှာယူ လုပ်ကိုင်ရသည့် အထည်ချုပ် လုပ်ငန်းများအနေဖြင့် ကုန်ကြမ်းအော်ဒါရယူရတွင် စီးပွားရေး ပိတ်ဆို့မှု အခက်အခဲများကြောင့် ကုန်ကြမ်းလုံလောက်စွာမရရှိကြသဖြင့် အထည်ချုပ်လုပ်ငန်းများမှ အလုပ်သမားဦးရေ လျှော့ချခြင်း၊ စက်ရုံယာယီပိတ်သိမ်းခြင်းများအား TENG HUI (Myanmar) သိုးမွှေးစက်ရုံနည်းတူ ပြုလုပ်လာနိုင်ကြောင်း စက်ရုံမန်နေဂျာ ပြောပြချက်အရ သိရသည်။

တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပြီး မြန်မာနိုင်ငံသား အလုပ်သမား ကျား (၅၁၈)ဦး၊ မ (၁၃၉၈)ဦး၊ စုစုပေါင်း (၁၃၉၈)ဦး၊ တရုတ်နိုင်ငံသား ကျား (၁၂)ဦး၊ မ (၂၁)ဦး၊ စုစုပေါင်း (၃၃)ဦး တို့ဖြင့် သိုးမွှေအထည်ချုပ် လုပ်ငန်းအား လုပ်ကိုင်ခဲ့သည်။ ၅-၁၂-၂ဝ၂၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ အကျယ်အဝန်းအားဖြင့် (၁၀)ဧက ကျယ်ဝန်း၍ အလျား (၁၀၀၀)ပေ၊ အနံ (၂၀၀)ပေ၊ အရွယ်အစားရှိ Steel Structure အမျိုးအစား (၁)ထပ် တိုက် (၅)လုံးဖြင့် လုပ်ကိုင်လျက်ရှိပြီး စက်ရုံအတွင်း တရုတ်နိုင်ငံရှိ H&M အမှတ်တံဆိပ် သိုးမွှေးအထည် ကုန်ကြမ်းများအား ရယူ၍ စက်ရုံတွင်း ပြန်လည်ချုပ်လုပ်ကာ ဥရောပနိုင်ငံများသို့ တင်ပို့လုပ်ကိုင်လျက်ရှိကြောင်း၊ ၎င်းစက်ရုံတွင် လုပ်ကိုင် လျက်ရှိသည့် အလုပ်သမားများ အနေဖြင့် အနည်းဆုံးလစာ (၃၅၀၀၀၀)ကျပ်မှ (၅၀၀၀၀၀)ကျပ်အထိ ရရှိပြီး အလုပ်ချိန် နံနက် (၈) နာရီမှ ညနေ (၀၄ ၃၀)နာရီထိ သတ်မှတ်ထားကြောင်း သိရှိရပါသည်။

ယခုအခါ အဆိုပါစက်ရုံသည် တရုတ်နိုင်ငံရှိ H&M အမှတ်တံဆိပ် သိုးမွှေးအထည် ကုန်ကြမ်းများ မရတော့သဖြင့် ၁-၁၀-၂၀၂၆ ရက်နေ့မှ စတင်၍ ပိတ်သိမ်း သွားမည်ဖြစ်ကြောင်း၊ စက်ရုံအတွင်း လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားအား စက်ရုံပိတ်သိမ်းပါက အလုပ်သမားဥပဒေအတိုင်း နစ်နာကြေးအား လုပ်သက်အလိုက် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ နစ်နာကြေးပေးအပ်မှုအား ၂၅-၉-၂၀၂၆ ရက်နေ့တွင်လည်းကောင်း၊ ၃၀-၉-၂၀၂၆ ရက်နေ့တွင် စက်တင်ဘာလ လုပ်ခလစာအား လည်းကောင်း၊ စက်ရုံမှ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)