တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ “2026 Asia-Pacific (Hainan) Seafood Industry Supply Chain Conference” ၌ အဖွင့်မိန့်ခွန်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ “2026 Asia-Pacific (Hainan) Seafood Industry Supply Chain Conference” ၌ အဖွင့်မိန့်ခွန်းပြောကြား




ပေကျင်း၊ အောက်တိုဘာ ၂၂

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဝင်းမြင့်သည် ၂၀-၁၀-၂၀၂၆ ရက်မှ ၂၂-၁၀-၂၀၂၆ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟိုင်နန်ပြည်နယ် (Hainan)၊ ဟိုင်ခုံမြို့ (Haikou) တွင် ကျင်းပသည့် “2026 Asia-Pacific (Hainan) Seafood Industry Supply Chain Conference” သို့ တက်ရောက်ခဲ့သည်။

အဆိုပါညီလာခံတွင် ၂၁-၁၀-၂၀၂၆ ရက်၌ “Blue Granary, Setting Sail from Hainan” ခေါင်းစဉ်ဖြင့် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပြီး၊ သံအမတ်ကြီးမှ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံကို ဟိုင်နန်ပြည်နယ်၏ မဟာဗျူဟာမြောက် ပင်လယ်ရေကြောင်းအခြေခံ အဆောက်အအုံများနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များကို အခြေပြု၍ နည်းပညာမြင့်မားသည့် ပင်လယ်ရေထွက် စားနပ်ရိက္ခာထောက်ပံ့မှုကို တိုးချဲ့ရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ရေထွက်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေမည့် လတ်တလောဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အဓိကထား၍ ဆွေးနွေးပြောကြားခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ဒေသဆိုင်ရာအာဏာပိုင်များ၊ သံတမန်ကိုယ်စားလှယ်များ၊ သုတေသီများ၊ ရေထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များ၊ ဟိုင်နန်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ၊ စုစုပေါင်း (၁၈၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)