ကိုရီးယားကျွန်ဆွယ်မှာ စစ်မီးမွှေးဖို့ ယူကရိန်းကြိုးပမ်းနေတယ်လို့ စွပ်စွဲပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုရီးယားကျွန်ဆွယ်မှာ စစ်မီးမွှေးဖို့ ယူကရိန်းကြိုးပမ်းနေတယ်လို့ စွပ်စွဲပြီ


အောက်တိုဘာ - ၄ ( တနင်္ဂနွေ ) 

ယူကရိန်းဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်မီးမွှေးဖို့ ကြိုးပမ်းနေတယ်လို့ တောင်ကိုရီးယားက စွပ်စွဲလိုက်ပြီး၊ လျှို့ဝှက်ထိန်းသိမ်းရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့တာနဲ့ ပတ်သက်လို့ ကိယက်ဗ် (ယူကရိန်း) ဘက်က ပြန်လည်တောင်းပန်ခြင်း မရှိရင် တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သမ္မတ လီဂျေမြောင် က ခြိမ်းခြောက်ပြောကြားလိုက်ပါတယ်။

ယူကရိန်းဘက်က ဖမ်းဆီးရမိထားတဲ့ မြောက်ကိုရီးယား စစ်သုံ့ပန်း ၂ ဦးကို တောင်ကိုရီးယားထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဗလာဒီမာ ဇီလန်းစကီးက ပြီးခဲ့တဲ့အပတ်က လူသိရှင်ကြား ကြေညာခဲ့တာပါ။ ဒီအစီအစဉ်ကို လျှို့ဝှက်ထားဖို့ သဘောတူထားတာဖြစ်တယ်လို့ ဆိုးလ် (တောင်ကိုရီးယား) ဘက်က ပြောပေမဲ့ ကိယက်ဗ်ဘက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။

သောကြာနေ့က အိတ်စ်ဆိုရှယ်မီဒီယာ ပေါ်မှာ ရေးသားခဲ့ရာမှာ လီက ယူကရိန်းဟာ စတင်စဉ်က လျှို့ဝှက်ထားပေးဖို့ တောင်းဆိုခဲ့ပြီးမှ အခုလို တစ်ဖက်သတ် ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်သလို၊ သဘောတူညီချက်ကို ငြင်းဆန်ပြီး သူ့ကို 'လိမ်ညာသူ' တစ်ယောက်ဖြစ်အောင် လုပ်ခဲ့တာလို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် တောင်းပန်ဖို့ တောင်းဆိုချက်တွေကို ကိယက်ဗ်က တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားကြား ဖြစ်ပွားတော့မယ့် စစ်ရေးပဋိပက္ခဘက်ကို ခေါင်းစဉ်လွှဲဖို့ ကြိုးစားရင်း တုံ့ပြန်ခဲ့တာကြောင့် ဒါဟာ 'ကိုရီးယားကျွန်းဆွယ်မှာ စစ်ပွဲဖြစ်အောင် ဆွပေးဖို့ ကြိုးပမ်းတာ' ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အဖြစ်မှန်ကို အသိအမှတ်ပြုဖို့ ငြင်းဆန်နေတာနဲ့ လူသိရှင်ကြား တောင်းပန်ဖို့ ပျက်ကွက်နေတာတွေ ဆက်ဖြစ်နေရင် ကျနော်တို့ဘက်က နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ' လို့ လီက သတိပေးခဲ့ပြီး တောင်ကိုရီးယားရဲ့ အမျိုးသားသိက္ခာ ရင်းနှီးထားရတာဖြစ်တယ်လို့ အလေးအနက် ပြောကြားခဲ့ပါတယ်။

ဒီ အငြင်းပွားမှုဟာ စက်တင်ဘာ ၂၃ ရက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောစဉ် ဇီလန်းစကီးက မြောက်ကိုရီးယား စစ်သားတွေကို လွှဲပြောင်းပေးခဲ့ကြောင်းနဲ့ 'သူတို့ကို အသက်ရှင်လျက် ဖမ်းဆီးရမိဖို့ မလွယ်ကူခဲ့ကြောင်း' ပြောကြားခဲ့ရာကနေ စတင်ခဲ့တာပါ။ အဆိုပါ စစ်သုံ့ပန်းများသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ရုရှား၏ ကာ့စ်ခ် ဒေသအတွင်း ယူကရိန်း၏ ကျူးကျော်ဝင်ရောက်မှုကို မြောက်ကိုရီးယားတပ်များက တွန်းလှန်စဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ 

ဆိုးလ်ဘက်က ပြောကြားချက်အရ ကိယက်ဗ်ဟာ ဖမ်းဆီးထားတဲ့ ယူကရိန်းစစ်သားတွေနဲ့ လဲလှယ်နိုင်မယ့် စစ်သုံ့ပန်းတွေကို လက်လွှတ်လိုက်တာနဲ့ ပတ်သက်ပြီး ပြည်တွင်း ဝေဖန်မှုတွေကို ရှောင်လွှဲဖို့အတွက် စတင်စဉ်က လျှို့ဝှက်ထားဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားဟာ စစ်သားတွေနဲ့ သူတို့မိသားစုတွေရဲ့ ဘေးကင်းရေးအပြင် ထိလွယ်ရှလွယ်ရှိတဲ့ သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့တာပါ။

ဇီလန်းစကီးရဲ့ အကြံပေး ဒမိုင်ထရီ လစ်ဗင်း က ဘာလျှို့ဝှက်ချက် သဘောတူညီမှုမှ မရှိခဲ့ပါဘူးလို့ ငြင်းဆိုရင်း ဆိုးလ်ရဲ့ တောင်းပန်ခိုင်းမှုကို တုံ့ပြန်ခဲ့တာကြောင့် တောင်ကိုရီးယားက ယူကရိန်း သံအမတ်ခေတ္တ တာဝန်ရှိသူကို စက်တင်ဘာ ၂၈ ရက်မှာ ဆင့်ခေါ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဂါ က ဒီပြဿနာဟာ 'သံတမန်ရေးရာ နားလည်မှုလွဲမှားခြင်း' မျှသာဖြစ်ကြောင်း ပြောဆိုပြီး အခြေအနေကို လျှော့ချဖို့ ကြိုးပမ်းခဲ့သလို ဒီကိစ္စကို ဖြေရှင်းဖို့ ဆောင်ရွက်နေတယ်လို့ ပြောခဲ့ပါတယ်။

တောင်ကိုရီးယားဟာ ၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းကို လူသားချင်းစာနာထောက်ထားမှုနဲ့ ဘဏ္ဍာရေး အကူအညီတွေ ပေးအပ်ခဲ့ပြီး ဇူလိုင်လတုန်းကလည်း ဒေါ်လာ သန်း ၁၀၀ ထပ်မံကူညီဖို့ ကတိပြုခဲ့ပေမဲ့ လက်နက်တပ်ဆင်ပေးဖို့ကိုတော့ ငြင်းဆန်ထားဆဲဖြစ်ပါတယ်။ လီက ဘာအရေးယူမှု တွေ လုပ်ဆောင်မယ်ဆိုတာ တိတိပပ မပြောခဲ့ပေမဲ့ သုတေသီ ချိုဟန်ဘမ် ကတော့ ရိုက်တာသတင်းဌာနကို ပြောရာမှာ ဒီအရေးယူမှုတွေဟာ အကူအညီပေးရေး အစီအစဉ်တွေနဲ့ ပတ်သက်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)