အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားပြီး ရရှိသောငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အမျိုးသမီးငယ်များကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားပြီး ရရှိသောငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်



နေပြည်တော်၊ အောက်တိုဘာ ၇

အမျိုးသမီးငယ်များကို တရုတ်နိုင်ငံတွင် တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားပြီး ရရှိသောငွေကြေးအကျိုးအမြတ်များကို ခေါင်းပုံဖြတ်ရယူခဲ့ကြသူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် တာကြီးရပ်ကွက်နေ အမျိုးသမီးတစ်ဦးအား တစ်အိမ်တည်းနေအဘိုးဖြစ်သူ၏ နောက်အိမ်ထောင်ဒေါ်စန်းမိုး(ခ)မိသဲက တရုတ်အမျိုးသားနှင့်တစ်နှစ်ပေါင်းသင်းရမည်၊ ငွေကျပ်သိန်း ၉၀ ရရှိမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးပြီး ၎င်း၏သမက်ဖြစ်သူ ကျော်ဝင်းထွန်း(ခ)ဝေလင်း၊ သမီးဖြစ်သူ စိုးသန္တာ(ခ)စိုးသန္တာထွန်းတို့နှင့် မဝတ်ရည်တို့က မူဆယ်မြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ပို့ဆောင်ရန်ခေါ်ဆောင်လာကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁)လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ပြင်ဦးလွင်မြို့နယ် ပိတ်ချင်းမြောင်နယ်မြေရဲစခန်း(ပ)၆၂/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ၃၅/၄၄ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် ပြင်ဦးလွင်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ ကျော်ဝင်းထွန်း(ခ)ဝေလင်း အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ အလုပ်နှင့်ထောင်ဒဏ် ၂၃ နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ ဒေါ်စန်းမိုး(ခ)မိသဲ၊ မဝတ်ရည်နှင့် စိုးသန္တာ(ခ)စိုးသန္တာထွန်းတို့ ၃ ဦး အား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရေသရောက်ကုန်းကျေးရွာနေ အမျိုးသမီးတစ်ဦးအား မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်နေ မရတနာဦး(ခ)မရတီမိုင်းနှင့် ခင်ပွန်းဖြစ်သူ ပြည့်ဖြိုးမောင်တို့က TikTok အကောင့်မှတစ်ဆင့် ထမင်းချက်အလုပ်ရှိကြောင်း၊ တစ်လငွေကျပ် ၂၅ သိန်းရရှိမည်ဟု ပြောဆိုစည်းရုံးခေါ်ဆောင်ခဲ့ပြီး ထမင်းချက်အလုပ်မခိုင်းဘဲ စားသောက် ဆိုင်များတွင် စင်တင်ရှိုးလျှောက်ခြင်း၊ အမျိုးသားများနှင့်ဝိုင်းထိုင်ခြင်း၊ အမျိုးသားများနှင့် ပြင်ပသို့လိုက်၍ ပြည့်တန်ဆာအဖြစ် လုပ်ကိုင်ရမည်ဖြစ်ကြောင်းပြောသဖြင့် ထွက်ပြေးခဲ့သော်လည်း အခန်းတွင်းပိတ်လှောင် ထားသဖြင့် မိဘများထံမှ ငွေကျပ် ၅ သိန်းတောင်းခံပြီး မရတနာဦး(ခ)မရတီမိုင်းနှင့် ပြည့်ဖြိုးမောင်တို့အားပေး၍ နေအိမ်ပြန်ခဲ့ရကြောင်း စိစစ်ပေါ်ပေါက်သဖြင့် အမှတ်(၁၁)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မန္တလေး)မှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်း(ပ)၉၀/၂၀၂၆၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ အရ အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ၂၀၂၆ ခုနှစ် အောက်တိုဘာ ၅ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မရတနာဦး(ခ)မရတီမိုင်းနှင့် ပြည့်ဖြိုးမောင်တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄အရ အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)