ယူကရိန်းကို လက်မခံတော့တဲ့ ဥရောပသားတွေ များသထက်များလာနေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းကို လက်မခံတော့တဲ့ ဥရောပသားတွေ များသထက်များလာနေ


အောက်တိုဘာ - ၁၄ (ဗုဒ္ဓဟူးနေ့ ) 

ဂျာမနီအခြေစိုက် ဘာတယ်မန်းဖောင်ဒေးရှင်း  ရဲ့ လူထုသဘောထား စစ်တမ်းအသစ်အရ ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံသား အများစုဟာ ယူကရိန်းနိုင်ငံကို အီးယူ အဖွဲ့ဝင်အဖြစ် အမြန်ဆုံး သွတ်သွင်းရေးကို ကန့်ကွက်နေကြပြီဖြစ်ပါတယ်။

စစ်တမ်းကောက်ယူမှုတွေအရ ယူကရိန်းကို အီးယူအဖွဲ့ဝင်အဖြစ် အမြန်ဆုံး လက်ခံပေးဖို့ ထောက်ခံမှုနှုန်းဟာ ပထမဆုံးအကြိမ်အဖြစ် ၅၀% အောက် ကို ကျဆင်းသွားခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မတ်လ၊ ယူကရိန်းပဋိပက္ခ စတင်ချိန်တုန်းက ဒီအိုင်ဒီယာကို ထောက်ခံသူက အများစုရှိခဲ့ပေမဲ့၊ နှစ်တွေကြာလာတာနဲ့အမျှ ကျဆင်းလာခဲ့ရာမှာ ယခုအခါ ကန့်ကွက်သူ ၅၃% ရှိလာပြီး ထောက်ခံသူက ၄၇% သာ ရှိပါတော့တယ်။

အလားတူပဲ အခြားမည်သည့် အဖွဲ့ဝင်အသစ်ကိုမဆို လက်ခံပြီး အီးယူကို တိုးချဲ့မယ့်အပေါ် ထောက်ခံမှုနှုန်းကလည်း ၂၀၂၂ ခုနှစ် မတ်လက ၇၃% ရှိခဲ့ရာကနေ ယခုအခါ ၄၈% ထိ ကျဆင်း သွားခဲ့ပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ ယူကရိန်းနိုင်ငံသားတွေဘက်ကတော့ အီးယူအဖွဲ့ဝင် ဖြစ်လာဖို့နဲ့ အဖွဲ့ကြီး တိုးချဲ့ရေးကို ၈၃% ထိ ဆက်လက် အခိုင်အမာ ထောက်ခံနေဆဲ ဖြစ်ပါတယ်။

အီးယူ နဲ့ ယူကရိန်းပြည်သူတွေကြားမှာ ယူကရိန်းရဲ့ အီးယူအဖွဲ့ဝင် ဖြစ်လာနိုင်ခြေအပေါ် အမြင်ချင်း တော်တော်လေး ကွာခြားနေပါတယ်။ ယူကရိန်းဝင်လာရင် စီးပွားရေးအခွင့်အလမ်းတွေ ပိုပွင့်လာမယ်လို့ ဥရောပသားတွေထဲမှာ ၃၆% ကသာ ယုံကြည်ကြပေမဲ့၊ ယူကရိန်းပြည်သူတွေဘက်ကတော့ ၇၄% အထိ ယုံကြည်နေကြပါတယ်။ ဒါ့အပြင် ယူကရိန်းအတွက်နဲ့ နိုင်ငံတွင်းမှာ ရင်ဆိုင်ရမယ့် “ရေတို စီးပွားရေး အခက်အခဲတွေ” ကို လက်ခံပေးဖို့ အသင့်ရှိတယ်လို့ ဖြေဆိုသူက ဥရောပသား ၃၈% သာ ရှိပေမဲ့၊ ယူကရိန်းဘက်ကတော့ ၆၇% က လက်ခံသွားမယ်လို့ ဆိုပါတယ်။

ဒီလအစောပိုင်းမှာပဲ ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်းစကီးရဲ့ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအတွင်း ယူကရိန်းကို အီးယူအဖွဲ့ဝင်အဖြစ် အမြန်ဆုံးလက်ခံပေးဖို့ တောင်းဆိုမှုကို အီးယူဘက်က ငြင်းပယ်ခဲ့ပါတယ်။ အီးယူရဲ့ တိုးချဲ့ရေးဆိုင်ရာ ကော်မရှင်နာ မာတာကို့ က အဲဒီသတ်မှတ်ရက်ဟာ လုံးဝ “မဖြစ်နိုင်ကြောင်း” ပြောကြားခဲ့ပြီး ယူကရိန်းအနေနဲ့ အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ချက်အားလုံးကို သတ်မှတ်ချက်အခြေခံတွေကို အပြည့်အစုံ ဖြည့်ဆည်းရမယ်လို့ ဆိုထားပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)