ပြင်သစ်နဲ့ ဂျာမနီကတော့ တရုတ်ကို ဖိအားပေးဖို့အတွက် ပြင်ဆင်နေကြပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြင်သစ်နဲ့ ဂျာမနီကတော့ တရုတ်ကို ဖိအားပေးဖို့အတွက် ပြင်ဆင်နေကြပြီ


အောက်တိုဘာ - ၇ ( ဗုဒ္ဓဟူးနေ့ ) 

ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ဟာ နိုင်ငံခြား တိုင်းပြည်တွေကို ဥရောပသမဂ္ဂ (အီးယူ) ဈေးကွက်ထဲကနေ လျင်မြန်စွာ ပိတ်ပင်တားဆီးနိုင်မယ့် လုပ်ပိုင်ခွင့်အသစ်တွေ ဖန်တီးပေးဖို့ နဲ့ တရုတ်နိုင်ငံအပေါ် ပိုမိုတင်းကြပ်တဲ့ သဘောထားမျိုး ကိုင်စွဲဖို့ ဘရပ်ဆဲလ် (အီးယူ ဌာနချုပ်) ကို ဖိအားပေး တောင်းဆိုနေကြပါတယ်။

ဒီအဆိုပြုချက်ဟာ ဘေကျင်းနဲ့ ဆွေးနွေးပွဲတွေ မပြုလုပ်မီ အီးယူ ဘက်က ရပ်တည်ချက် ပိုမိုခိုင်မာ လာစေဖို့ ထိရောက်စွာ တွန်းအားပေးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ဈေးကွက်အပေါ် ဂျာမန်စီးပွားရေးလုပ်ငန်းတွေ မှီခိုနေရတာကြောင့် တရုတ်အပေါ် ကန့်သတ်ချက်တွေ ပြုလုပ်ဖို့ ကိစ္စမှာ ပြင်သစ်ထက် အမြဲ ပိုမိုသတိထားလေ့ရှိတဲ့ ဂျာမနီနိုင်ငံရဲ့ မူဝါဒ အပြောင်းအလဲတစ်ခုကိုလည်း ပြသနေတာပါ။

ဥရောပ ထုတ်လုပ်သူတွေကတော့ အစိုးရ ထောက်ပံ့ကြေး ရရှိထားတဲ့ တရုတ်နိုင်ငံရဲ့ ဈေးပေါတဲ့ သွင်းကုန်တွေ ဟာ သူတို့ရဲ့ စီးပွားရေးတွေကို ဈေးနှိမ်ပြီး ထိခိုက်စေတယ်လို့ ညည်းတွားနေကြပါတယ်။ လွန်ခဲ့တဲ့နှစ်က အီးယူ ဟာ တရုတ်နဲ့ ကုန်သွယ်ရေးမှာ ယူရို ဘီလီယံ ၃၆၀ (ဒေါ်လာ ဘီလီယံ ၄၀၀ ခန့်) လောက်အထိ လိုငွေပြခဲ့တာပါ။ တရုတ်ဘက်ကတော့ သူတို့ရဲ့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းဟာ အစိုးရထောက်ပံ့ကြေးကြောင့် မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

အခုအခါ နှစ်ဖက်စလုံးဟာ တစ်ဦးရဲ့ ပို့ကုန်တွေကို တစ်ဦးက စုံစမ်းစစ်ဆေးမှုတွေ ပိုမို အရှိန်မြှင့် ပြုလုပ် လာကြပါတယ်။ စနေနေ့က တရုတ်ထုတ်လုပ်သူတွေရဲ့ တိုင်ကြားချက်အရ ဘေကျင်းဟာ ဆေး၊ ဆိုးဆေး၊ ဆေးဝါးနဲ့ ပိုးသတ်ဆေးတွေမှာ သုံးတဲ့ ဥရောပထုတ် ဓာတုပစ္စည်းတစ်ခုအပေါ် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ မကြာသေးမီက တရုတ် ဓာတုပစ္စည်းတွေအပေါ် အီးယူ ရဲ့ စုံစမ်းစစ်ဆေးမှု သုံးခု လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ထွက်ပေါ်လာတာပါ။

ဒီလို ဈေးနှိမ်ရောင်းချမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ဟာ ကုန်ပစ္စည်းတွေကို မတရား ဈေးနည်းနည်းနဲ့ တင်ပို့နေသလားဆိုတာနဲ့ ပြည်တွင်း ထုတ်လုပ်သူတွေကို ထိခိုက်စေသလားဆိုတာကို စစ်ဆေးတာ ဖြစ်ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးမှုတွေရဲ့ အဖြေပေါ်မူတည်ပြီး ပြည်တွင်း စီးပွားရေးတွေကို ကာကွယ်ဖို့ အတွက် အခွန်တိုးကောက်တာတွေ လုပ်ဆောင်သွားနိုင်ပါတယ်။

တနင်္လာနေ့က ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန် ထံ ပေးပို့တဲ့ စာတစ်စောင်မှာ ပြင်သစ်သမ္မတ အီမေနျူအယ် မက်ခရွန် နဲ့ ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်မားဇ်တို့က လက်ရှိ ကျင့်သုံးနေတဲ့ ကုန်သွယ်ရေး ကာကွယ်ရေး နည်းလမ်းတွေဟာ မလုံလောက်တော့ဘူးလို့ ထောက်ပြပြောဆိုခဲ့ကြပါတယ်။ သူတို့က လိုအပ်လာပါက ဥရောပ သမဂ္ဂရဲ့ ပြည်တွင်းဈေးကွက်ကနေ ချက်ချင်း ဖြတ်တောက်လိုက်တာမျိုးအထိ အပါအဝင် 'ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်မယ့် လုပ်ပိုင်ခွင့်ကို ကော်မရှင်ထံ အပ်နှင်းမယ့် နည်းလမ်းသစ်တစ်ခု ဖန်တီးပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ 


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)