ပုသိမ်၊ အောက်တိုဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဆင်လမ်းကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျ ကျေးရွာ နှင့် ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ ဖားစည်ကွင်းကျေးရွာကြား တည်ဆောက် မည့် ဒါးက မြစ်ကူးတံတား(ကန်ကြီးထောင့်) တည်ဆောက်ရေးစီမံကိန်း ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတံတားဆောက်လုပ်မည့် မြေနေရာတွင်ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား တာဝန်ရှိသူများက ဒါးကမြစ်ကူးတံတား (ကန်ကြီးထောင့်)၏ ၂၀၁.၁၆၈ မီတာ(၆၆၀ ပေ)အရှည်၊ ၁.၂ မီတာ အချင်းဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်၊ Bailey + Steel Decking ၊ ယာဉ်သွားလမ်းအကျယ် ၁၃ ပေ ၆ လက်မနှင့် တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီးနောက် မင်္ဂလာအချိန်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပန္နက်တော်များရိုက်သွင်း၍ အမွှေးနံ့သာရည် များပက်ဖျန်းပေးခဲ့သည်။ အဆိုပါတံတားသည် ၂၀၁.၁၆၈ မီတာ (၆၆၀ ပေ) အရှည်ရှိ သံကူကွန်ကရစ်၊ Bailey + Steel Decking အမျိုးအစားတံတားဖြစ်ပြီး ကျေးရွာ ၂၃ ရွာ၊ အိမ်ခြေ ၃၈၅၆ အိမ်၊ လူဦးရေ ၁၃၂၅၈ ဦးအား အကျိုးပြုမည်ဖြစ်သည်။
#News #Myanmar










No comments:
Post a Comment