နေပြည်တော်၊ အောက်တိုဘာ ၁၉
ဒုတိယသမ္မတ ဦးညိုစောသည် ခရီးစဉ်တွင်လိုက်ပါလာသော အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက် ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တစ်ထောင်ဆိပ်ကမ်းသို့ရောက်ရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်မြို့တော်ဝန်နှင့် တာဝန်ရှိသူများက လုပ်ငန်းအစီအမံများကို ရှင်းလင်းပြသကြသည်။
ထို့နောက် ဒုတိယသမ္မတသည် ဗိုလ်တစ်ထောင်မြို့နယ် ကမ်းနားလမ်းတစ်လျှောက်ရှိ အိမ်ယာများ အမြင်တင့်တယ်ပြီး စနစ်တကျရှိစေရန် ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ဆက်လက်၍ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် ကျန်စစ်သားလမ်းရှိ ဘောလုံးကွင်း၊ အားကစားကွင်းများ တည်ဆောက်မည့် လျာထားအဆိုပြုမြေနေရာနှင့် ကနောင်မင်းသားကြီးလမ်းရှိ လျာထားအဆိုပြု မြေနေရာများကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ် စက်မှုဒေသလမ်းမကြီးရှိ ခေတ်မီပန်းခြံနှင့် ဘောလုံးကွင်းတည်ဆောက်မည့် လျာထားအဆိုပြုမြေနေရာကိုလည်းကောင်း၊ ရွှေပြည်သာမြို့နယ် ပြည်ထောင်စုလမ်းရှိ ဘောလုံးအားကစားကွင်း လျာထားအဆိုပြုမြေနေရာကိုလည်းကောင်း၊ လှိုင်သာယာ (အနောက်ပိုင်း) အနော်ရထာစက်မှုဇုန်ရှိ တိုးချဲ့ဆောင်ရွက်မည့် မြေနေရာများကို လည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သိရသည်။
#News #Myanmar

No comments:
Post a Comment