ရုရှားကတော့ အာဖရိကနိုင်ငံတွေနဲ့ ပေါင်းပြီး ကုန်သွယ်မှု အကြီးအကျယ်လုပ်ဖို့ ပြင်ဆင်နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရုရှားကတော့ အာဖရိကနိုင်ငံတွေနဲ့ ပေါင်းပြီး ကုန်သွယ်မှု အကြီးအကျယ်လုပ်ဖို့ ပြင်ဆင်နေ


အောက်တိုဘာ - ၂၉ ( ကြာသပတေးနေ့ ) 

ရုရှားနိုင်ငံအနေနဲ့ အာဖရိကနိုင်ငံတွေနဲ့ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေကြား စီးပွားရေးနဲ့ အခြားကဏ္ဍတွေမှာ မိတ်ဖက်အသစ်တွေ တည်ဆောက်ပြီး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားဖို့ အသင့်ရှိနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်  က ပြောကြားလိုက်ပါတယ်။

အာဖရိကရဲ့ ထိပ်တန်း မီဒီယာအဖွဲ့အစည်းတွေရဲ့ အကြီးအကဲတွေနဲ့ အင်္ဂါနေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ လာဗရော့ဗ်က မော်စကိုဟာ အာဖရိကသမဂ္ဂ (AU)၊ တစ်ဦးချင်းနိုင်ငံတွေနဲ့ ဒေသဆိုင်ရာ အစုအဖွဲ့တွေအကြား ဆက်ဆံရေး ပုံစံအသစ်တွေကို ဖော်ဆောင်ဖို့ ပွင့်လင်းစွာ လုပ်ဆောင်လျက်ရှိတယ်လို့ ဆိုပါတယ်။

"ကျနော်တို့ရဲ့ မိတ်ဖက် ဆက်ဆံရေးက အတော်လေး ကျယ်ပြန့်ပြီးသား ဖြစ်ပါတယ်။ အဲဒီထက် ပိုမိုပြည့်စုံ ကောင်းမွန်လာအောင် လုပ်ဆောင်ဖို့ နေရာတွေ အများကြီး ရှိပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့က အစစအရာရာ ပွင့်လင်းပါတယ်" လို့ လာဗရော့ဗ်က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံအနေနဲ့ အာဖရိကနဲ့ ဆက်ဆံရေး တည်ဆောက်ရာမှာ တန်းတူညီမျှရေးနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းမှုကို အခြေခံပြီး နိုင်ငံတွင်း စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက် လာအောင်နဲ့ ကမ္ဘာ့ဘဏ္ဍာရေးနဲ့ နည်းပညာပိုင်းတွေမှာ ပိုမို လွတ်လပ်လာအောင် ကူညီပေးသွား လိုတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အလေးပေး ပြောကြားခဲ့ပါတယ်။ မော်စကိုရဲ့ ချဉ်းကပ်ပုံဟာ အပြန်အလှန် လေးစားမှုနဲ့ ပြည်တွင်းရေး မစွက်ဖက်ရေးဆိုင်ရာ ကုလသမဂ္ဂ (UN) ရဲ့ မူဝါဒတွေနဲ့ အညီ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လာဗရော့ဗ်ကတော့ အာဖရိကနိုင်ငံတွေရဲ့ နောက်ထပ် အဓိက ပြောင်းလဲမှုကြီးဟာ စီးပွားရေးဘက်မှာ ဖြစ်လာမှာဖြစ်ပြီး နိုင်ငံရေးအရ လွတ်လပ်ရေး ရခဲ့ကြပေမဲ့ များပြားတဲ့နိုင်ငံတွေဟာ ရှေးဟောင်း ကိုလိုနီနယ်ချဲ့နိုင်ငံတွေအပေါ်မှာ ဆက်ပြီး မှီခိုနေဆဲဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

"အာဖရိကနိုင်ငံတွေရဲ့ ဒုတိယအကြိမ် နိုးထမှုကတော့ စီးပွားရေးဘက်မှာ ဖြစ်လာမှာ သေချာပါတယ်။ အဲဒီထဲမှာ အာဖရိကတိုက်ရဲ့ ကြွယ်ဝလှတဲ့ သယံဇာတတွေကို ကုန်ကြမ်းသက်သက်အဖြစ် ရိုးရိုးထုတ်ယူပြီး တင်ပို့တာမျိုး မဟုတ်တော့ဘဲ ရှေးဟောင်း ကိုလိုနီနယ်ချဲ့နိုင်ငံတွေမှာ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ဖန်တီးနေမယ့်အစား အာဖရိကနိုင်ငံတွေ ကိုယ်တိုင်မှာပဲ အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ဖန်တီးနိုင်တဲ့ အခြေအနေကို ရောက်ရှိအောင် လုပ်ဆောင်ဖို့လည်း ပါဝင်ပါတယ်" လို့ သူက ဆိုပါတယ်။


REF: RT

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)