ကျောင်းသား ကျောင်းသူများ လေ့လာရေးသွားရောက်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောင်းသား ကျောင်းသူများ လေ့လာရေးသွားရောက်၊ (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ ကြည့်ရှုအားပေး


နေပြည်တော်၊ အောက်တိုဘာ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံမှ သြဝါဒခံယူရန် နေပြည်တော်သို့ ရောက်ရှိနေသည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ်(၈)မှ ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူ ၁၈၁ ဦး တို့သည် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် တပ်မတော်စစ်သမိုင်းပြတိုက်နှင့် မွန်းလွဲပိုင်းတွင် အမျိုးသားပြတိုက်သို့ သွားရောက်လေ့လာ ခဲ့ကြသည်။ 

အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန - ၁ ၌ ပြုလုပ်ကျင်းပ လျက်ရှိသည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲ တေးသီချင်းအဆိုပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)