ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ယှဉ်ပြိုင်နေမှု ကြည့်ရှုအားပေး




နေပြည်တော်၊ အောက်တိုဘာ ၂၃

၂၀၂၆ ခုနှစ်၊ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် ကျင်းပလျက်ရှိသည့် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယသမ္မတနှင့်အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-1)ရှိ နီလာခန်းမ၌ ကျင်းပလျက်ရှိသည့် အဆင့်မြင့်ပညာအဆင့် အမျိုးသားစောင်းအတီးပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ “အိုသာတင့်ဆုံး(ယိုးဒယား)”သီချင်းဖြင့် မြန်မာ့ရိုးရာ စောင်းတူရိယာ၏ သိမ်မွေ့နက်နဲသော အသံနွဲ့၊ အသံနွိုင်းများကို စည်းနှင့်ဝါး မှန်ကန်စွာဖြင့် ဂီတရသပေါ်လွင်အောင် သာယာငြိမ့်ညောင်းစွာ တီးခတ်ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ မြခန်းမ၌ ကျင်းပလျက်ရှိသည့် အဆင့်မြင့်ပညာအဆင့် အမျိုးသား အဆို (အမျိုးဂုဏ်၊ ဇာတိဂုဏ်မြှင့်တင်ရေး) ပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်များ၏ “မဟာ(ဇော်ဝင်းထွဋ်)”သီချင်းဖြင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် တိုင်းပြည်ချစ်စိတ် ပေါ်လွင်အောင် ပိုင်နိုင်လှပသော အသံအနေအထား၊ အသံအနိမ့်အမြင့်၊ ဟန်ပန်မူရာအပြည့်ဖြင့် တက်ကြွစွာသီဆို ယှဉ်ပြိုင်နေမှုကို လည်းကောင်း ကြည့်ရှုအားပေးကြသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပလျက်ရှိသည့် အခြေခံပညာအဆင့် (အသက် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း) အမျိုးသားအကပြိုင်ပွဲတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များ၏ လှပသေသပ်လှသည့် မြန်မာ့ရိုးရာကကွက်၊ ဟန်ပန်အမူအရာများကို ပိုင်နိုင်သွက်လက်တက်ကြွစွာဖြင့် ကပြယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

နိုင်ငံတော်အနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများကို မိမိတို့ နိုင်ငံသူ နိုင်ငံသားများအားလုံး၏ ရင်ထဲတွင် မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန် ထက်မြက်မြင့်မားရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မြန်မာ့ဂီတ၊ မြန်မာ့အကနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အနုပညာစစ်စစ်များ ဆက်လက်ထွန်းကားပြန့်ပွားရေး၊ လူငယ်ထုအတွင်း စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ထွန်းရေးနှင့် တိုင်းတစ်ပါးယဉ်ကျေးမှု လွှမ်းမိုးခြင်းမှ ကာကွယ်တားဆီးရေး စသည့် မူဝါဒရည်မှန်းချက် များချမှတ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)