အိန္ဒိယ - ရုရှား ပူးတွဲဘက်စုံစစ်ရေးလေ့ကျင့်မှု ပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

အိန္ဒိယ - ရုရှား ပူးတွဲဘက်စုံစစ်ရေးလေ့ကျင့်မှု ပြုလုပ်

 





အောက်တိုဘာ - ၁၆ ( သောကြာနေ့ ) 

ရုရှားနဲ့ အိန္ဒိယနိုင်ငံတို့ဟာ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့တွေ အားလုံးပါဝင်တဲ့ "အင်ဒရာ -၂၀၂၆"  အမည်ရ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို စတင်လိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုဟာ နှစ်နိုင်ငံတပ်ဖွဲ့တွေကြား ညှိနှိုင်းဆောင်ရွက်မှုနဲ့ စစ်ဆင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ပြုလုပ်တာ ဖြစ်ပါတယ်။

ကြည်းတပ်ပိုင်းဆိုင်ရာ ဖွင့်ပွဲအခမ်းအနားကို ရုရှားနိုင်ငံ ချေယာဘင်စ်ခ် ဒေသမှာရှိတဲ့ ဗဟိုစစ်ဌာနချုပ် လေ့ကျင့်ရေးကွင်းမှာ အင်္ဂါနေ့က ကျင်းပခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ မြေပြင်စစ်ရေးလေ့ကျင့်မှု အပိုင်းကိုတော့ အောက်တိုဘာလ ၂၃ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နှစ်ဖက်စလုံးက ကွပ်ကဲရေးနဲ့ ထိန်းချုပ်ရေးစနစ်တွေကို လေ့ကျင့်တာ၊ တရားမဝင် လက်နက်ကိုင်အဖွဲ့တွေကို တိုက်ဖျက်မယ့် ပူးတွဲစစ်ဆင်ရေးအတုတွေကို ပြုလုပ်သွားကြမှာ ဖြစ်ပါတယ်။ ရုရှားဘက်ကတော့ အစောင့်တပ် တင့်ကားတပ်မဟာ ၉၀  က တပ်ဖွဲ့ဝင်တွေ အဓိကပါဝင်မှာ ဖြစ်ပါတယ်။

ဗလာဒီဗော့စတော့ မြို့မှာတော့ ရေတပ်ပိုင်းဆိုင်ရာ ဖွင့်ပွဲအခမ်းအနားကို ရုရှားရေတပ်ရဲ့ ကိုဗက် စစ်သင်္ဘော "ရုရှားနိုင်ငံသူရဲကောင်း အယ်လ်ဒါတီဆိုင်ဒန်ဇာပေါ့ဗ်” နဲ့ ပြီးခဲ့တဲ့အပတ်ကတည်းက ရုရှားပစိဖိတ်ဆိပ်ကမ်းကို ရောက်ရှိလာခဲ့တဲ့ အိန္ဒိယရေတပ်ရဲ့ ဖရီးဂိတ် စစ်သင်္ဘော "အိုင်အန်အက်စ် ဆာဟ်ယဒရီ”တို့ရဲ့ သင်္ဘောသားတွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ အာရှ-ပစိဖိတ်ဒေသ တည်ငြိမ်ရေးအတွက် အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ရုရှားနဲ့ အိန္ဒိယ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ရေတပ်ပိုင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှု အပိုင်းကိုတော့ အောက်တိုဘာလ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ ဂျပန်ပင်လယ်ပြင်မှာ ပြုလုပ်ဖို့ အချိန်ဇယားဆွဲထားပါတယ်။ အဲဒီမှာ သင်္ဘောတွေအနေနဲ့ စစ်ရေးနည်းဗျူဟာအရ ရွှေ့ပြောင်းလှုပ်ရှားတာတွေ၊ ပင်လယ်ပြင်နဲ့ ဝေဟင်ပစ်မှတ်တွေကို လက်တွေ့ကျည်ဆန်တွေနဲ့ ပစ်ခတ်လေ့ကျင့်တာတွေ၊ သင်္ဘောပေါ် ဝင်ရောက်စီးနင်းတာနဲ့ အတုအယောင် အကြမ်းဖက်သမားတွေ ဖမ်းဆီးထားတဲ့ သင်္ဘောတစ်စီးကို ပြန်လည်ကယ်တင်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝေဟင်ဒရုန်း ၊ ရေပြင်ဒရုန်း တွေရဲ့ တိုက်ခိုက်မှုတွေကို ပူးတွဲခုခံ ကာကွယ်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

လေတပ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုမှာဆိုရင်တော့ ရုရှားနဲ့ အိန္ဒိယ လေတပ်က Su-30SM တိုက်လေယာဉ်မှူးတွေအနေနဲ့ အနိမ့်ပျံသန်းတဲ့ ပစ်မှတ်ငယ်တွေကို တိုက်ခိုက်လေ့ကျင့်တာ၊ ရေတပ်သယ်ယူပို့ဆောင်ရေး သင်္ဘောတွေကို ရေတိုနဲ့ ရေလတ်ပစ် ဝေဟင်လက်နက်တွေနဲ့ တိုက်ခိုက်တဲ့ ပုံစံတူ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာနဲ့ အနိမ့်ပိုင်းနဲ့ အလယ်အလွှာ ပျံသန်းမှုတွေမှာ လေကြောင်းတိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

Mi-8 ရဟတ်ယာဉ် အုပ်စုတွေကလည်း အထူးစစ်ဆင်ရေး တပ်ဖွဲ့ဝင်တွေကို နေရာချထားပေးတာနဲ့ ခက်ခဲကြမ်းတမ်းတဲ့ မြေပြင်အနေအထားတွေမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်တာကို လေ့ကျင့်သွားကြမှာ ဖြစ်ပါတယ်။


REF: RT 

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)