ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂) ဈေးတွင် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲ တက်ရောက်

Uploading: 162498 of 162498 bytes uploaded.

Uploading: 190954 of 190954 bytes uploaded.






မြောက်ဥက္ကလာ၊ အောက်တိုဘာ  ၁၆

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကုန်ဈေးနူန်းဆင်းရေးအတွက်  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်  အမှတ်(၂) ဈေးတွင် မွေးမြူ ရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲကို ယနေ့ နံနက်  ၇ နာရီ အချိန် ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ  နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊ မြို့တော်၀န် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများ ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများ၊ ပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး၀န်ကြီး မြို့တော်၀န်  ဦးမျိုးမြင့်အောင်  ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများက မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ် ရောင်းချသည့် ဈေးဆိုင်ခန်းဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ က အရောင်းဆိုင် ဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ် ပေးခဲ့သည်။ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးအောင်နိုင်သူ  နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများ ၊ မြို့တော်၀န် ၊ Summit Daily ကုမ္ပဏီမှ တာ၀န်ရှိသူများ ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့၀င်များ ၊ ဌာနဆိုင်ရာများလိုက်ပါ၍ ဈေးဆိုင်အား ကြည့်ရှုအားပေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ လမ်းညွှန်မှုဖြင့် ကုန်ဈေးနူန်းဆင်းရေးအတွက်  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီပိုင်   ဈေးများဖြစ် သော မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အမှတ်(၂) ဈေး ၊ (ဃ) ဈေး ၊ ရတနာသိင်္ဂီဈေးများတွင် ပြည်သူများအား အခြေခံစား သောက်ကုန် ပစ္စည်းများကို ဈေးနှုန်း သက်သာစွာဖြင့် ရောင်းချ ပေးလျက်ရှိ ကြောင်းသိရသည်။


သက်လွင်စိုး

#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)