မလေးရှားနိုင်ငံမှပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း အခမ်းအနားများကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မလေးရှားနိုင်ငံမှပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း အခမ်းအနားများကျင်းပ











ရန်ကုန်၊ အောက်တိုဘာ ၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား မည်သို့သော အခြေအနေတွင်ဖြစ်စေ အခက်အခဲကြုံတွေ့လာပါက အမိနိုင်ငံသားများအပေါ် အလေးအနက်ထား ကူညီဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တိုင်းဒေသကြီး ဝန်ကြီးများက သက်မှတ်နေရာများတွင် မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူများကို ပေးအပ်သည်။

ဦးစွာ မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ မြို့နယ်ခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား အားပေးစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် Unique Identification Number ကတ်ပြားများကို အသီးသီး ပေးအပ်ကြသည်။

ဆက်လက်၍ မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူထုတ်ပေးခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၊ မဟာ အတုလ သဒ္ဓမ္မရံသီ သာသနာ့ ဗိမာန်တော်ကြီးတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ က မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား အားပေးစကား ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ နှင့် တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ ပြန်လာသော မြန်မာနိုင်ငံသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူနှင့် Unique Identification Number ကတ်ပြားများကို အသီးသီး ပေးအပ်ကြသည်။


#News #Myanmar

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)